လက်ထပ်ခြင်းအကြောင်းလေး တွေ့လို့ဗျ
ဖတ်သွားကြနော်
=======================
မြန်မာတို့၏ လက်ထပ်မင်္ဂလာ ၁၀ပါး
၁။ ဦးထိပ်၌ ရေစင်သွန်းလောင်းပြီး ထိမ်းမြားခြင်း
ဘိသိက်ဆရာနေဖြင့် လက်ယာရစ် ခရုသင်းထဲကိုဖြစ်စေ၊ ဖလားတစ်ခုတည်းကိုဖြစ်စေ န၀ရတ် ၉ ပါး၊ နံ့သာ ၅ မျိုးတို့၏ အရည်ကိုထည့်ပြီး သပြေညွန့်ထိုးကာ သတို့သား၊ သတို့သမီးတို့၏ ဦးခေါင်းထိပ်သို့ ရေစင်သွန်းလောင်းပြီး လက်ထပ်ပေးပါက ထိမ်းမြားခြင်း အင်္ဂါရပ်နှင့် ပြည့်စုံပါသည်။
၂။ ရေဖလား၌ လက်ချထားပြီး ထိမ်မြားခြင်း
ရေဖလားတစ်ခုခုအတွင်း သတို့သား၊ သတို့သမီးတို့၏ လက်ယာလက်ကို ချထားပြီး လက်ထပ်ပေးပါကလည်း ထိမ်းမြားခြင်း အင်္ဂါရပ်နှင့် ပြည့်စုံပါသည်။
၃။ ပန်းကုံးစွပ်ပြီး ထိမ်းမြားခြင်း
သတို့သား၊ သတို့သမီးတို့ တစ်ဦးနှင့်တစ်ဦး ပန်းကုံးတစ်ကုံးစီ ကိုင်ထားပြီး သတို့သမီးက သတို့သားကို ပန်းကုံးစွပ်ကာ သတို့သားက သတို့သမီးကို ပန်းကုံးစွပ်ကာ လက်ထပ်ပါကလည်း ထိမ်းမြားခြင်း အင်္ဂါရပ်နှင့် ပြည့်စုံပါသည်။
၎။ စုလျားရစ်ပတ် ထိမ်းမြားခြင်း
သတို့သားနှင့် သတို့သမီးတို့အား ပ၀ါရှည် တဘက်နှင့် ရစ်ပတ်လက်ထပ်ပါကလည်း ထိမ်းမြားလက်ထပ်ခြင်း အင်္ဂါရပ်နှင့် ပြည့်စုံပါပေသည်။
၅။ ဒါလီဖွဲ့ပြီး ထိမ်းမြားခြင်း
ရွှေကြိုးတစ်ကုံးကို ကွင်းပြီး သတို့သားနှင့် သတို့သမီးအားစွပ်၍ လက်ထပ်ခြင်းသည်လည်း ထိမ်းမြားခြင်း အင်္ဂါရပ်နှင့် ပြည့်စုံပါသည်။
၆။ လက်ဖ၀ါးချင်းထပ်၍ ထိမ်းမြားခြင်း
သတို့သမီး၏ လက်ဖ၀ါးကို ဖြန့်စေပြီး သတို့သား၏ လက်ယာလက်ဖ၀ါးအား အပေါ်ကတင်စေကာ လက်ထပ်ခြင်းသည်လည်း ထိမ်းမြားခြင်းအင်္ဂါနှင့် ပြည့်စုံပါသည်။
၇။ အ၀တ်လဲ၍ ထိမ်းမြားခြင်း
သတို့သားအနေဖြင့် သတို့သမီး၏ အိမ်သို့ ရောက်သည့်အခါ သတို့သမီး၏ ဆွေမျိုးတစ်စုတို့က ၎င်းအတွက် ၀ယ်ထားသော အ၀တ်ပုဆိုးအသစ်တို့ကို ထုတ်ပေးစဉ် လဲလှယ်ဝတ်ဆင်ပါကလည်း ထိမ်းမြားခြင်း အင်္ဂါရပ်နှင့် ပြည့်စုံပါသည်။
၈။ လက်စွပ်လဲ၍ ထိမ်းမြားခြင်း
သတို့သားနှင့် သတို့သမီးတစ်ဦးနှင့်တစ်ဦး လက်စွပ်လဲ၍ ၀တ်ဆင်ကြလျှင်လည်း ထိမ်းမြားခြင်း အင်္ဂါရပ်နှင့် ပြည့်စုံပါသည်။
၉။ လက်ဆုံစား၍ ထိမ်းမြားခြင်း
သတို့သားနှင့် သတို့သမီးတို့ အစားအသောက် တစ်ခုခုကို လက်ဆုံစားကြပါက ထိမ်းမြားခြင်း အင်္ဂါရပ်နှင့် ပြည့်စုံပါပေသည်။
၁၀။ ပုဆိုးတန်းတင်၍ ထိမ်းမြားခြင်း
သတို့သမီး၏ အိပ်ခန်းအတွင်းရှိ အ၀တ်လှန်းကြိုးတန်းပေါ်သို့ သတို့သား၏ ခါးဝတ်ပုဆိုးကို တင်ထားလိုက်ရုံနှင့် ထိမ်းမြားခြင်း အင်္ဂါရပ်နှင့် ပြည့်စုံပါသည်။
ကို Tin Maung Hlaing page မှ ကူးယူ ဖေါ်ပြပါသည်
မြန်မာ့ ဓလေ့ ထုံးတမ်းအရ ထိမ်းမြား မင်္ဂလာ (၁၀)ပါး ရှိပါသည်-
သတို့သား၊ သတို့သမီးနှစ်ဦးလုံးကို လူလည်ခေါင်တွင် ကန်တော့ခံမထွက်ပဲ မိမိအိမ်မှာပင် လွတ်လပ်စွာနေလျှင် ဖိတ်ထားသောပရိတ်သတ်များ စားသောက်ပြီး ပြန်သွားကြမှ သတိုးသမီး အိပ်ခန်းရှိ ကြိမ်တန်း၊ ကြိုးတန်း၌ သတိုးသား ပုဆိုး၊ ပုဝါ လှန်း၍ တင်ကာထိမ်းမြားခြင်းကို ပုဆိုးတန်းတင် ထိမ်းမြားခြင်း ဟုခေါ်သည်။
ထမင်း သို့မဟုတ် မုန့်တစ်ခုခု ကို သတို့သား၊ သတို့သမီးတို့က လက်စုံစားစေ ထိမ်းမြားခြင်းကို လက်စုံစား ထိမ်းမြားခြင်း ဟုခေါ်သည်။ (ယခု လင်မယားအရာ မြောက်ပြီးမှသာ ပြုလုပ်လေ့ ရှိသည်။)
သတို့သား ၀တ်ဆင်သော လက်စွပ်ကို သတို့သမီးအား ၀တ်ဆင်ပေးခြင်း၊ သတို့သမီး ၀တ်ထားသော လက်စွပ်ကို သတို့သားအား ၀တ်ဆင်ပေးခြင်း၊ အချင်းချင်းလဲလှယ်၍ ထိမ်းမြားခြင်းကို လက်စွပ်လဲ၍ ထိမ်းမြားခြင်း ဟုခေါ်သည်။
သတို့သားက သတို့သမီးအိမ်သို့ လာသည့်အခါ သတို့သမီး၏ မိဘများက အ၀တ်ပုဆိုးအသစ် လဲလှယ်ဝတ်ပေးခြင်းကို အ၀တ်ပေး၍ ထိမ်းမြားခြင်း ဟုခေါ်သည်။
သတို့သမီးလက်ယာလက်ကို ဖြန့်ထား၍ သတို့သားလက်ယာဘက်ကို အပေါ်တင်စေကာ ဘိသိက်ဆရာက ဖြစ်စေ၊ လူကြီးတစ်ဦးဦးကဖြစ်စေ ရွှေနှင့်ငွေ ဂဟေ ဆက်ထားသကဲ့သို တူနှစ်ကို တစ်စိတ်တစ်ဝမ်းထည်းဟု ပရိသတ်အလယ်တွင် ထိမ်းမြားခြင်းကို လက်ထပ်ထိမ်းမြားခြင်း ဟုခေါ်သည်။
ဖြန့်လျှင်နှစ်ဦးစလုံး ဦးခေါင်းဆံ့လောက် လေးတောင်ခန့်ရှိသော ရွှေဆွဲကြိုး ပန်းကုံသဖွယ်ပြုလုပ်၍ သတို့သား၊ သတို့သမီး နှစ်ဦးစလုံး တစ်ခါတည်း စွပ်၍ ထိမ်းမြားခြင်းကို ဒါလီဖွဲ့၍ ထိမ်းမြားခြင်း ဟုခေါ်သည်။
အလျှား (၆) တောင်၊ အနံ (၂)တောင် ရှိသော သတို့သမီးခြုံသော စုလျှားတဘက်အား သတို့သား၊ သတို့သမီးနှစ်ဦးအား ရစ်ပတ်ထိမ်းမြားခြင်းကို စုလျှားရစ်ပတ် ထိမ်းမြားခြင်း ဟုခေါ်သည်။
သတို့သားက သတို့သမီးအား ပန်းကုံးစွပ်ပေးသဖြင့်၊ သတို့သမီးက သတို့သားအား ပန်းကုံးစွပ်ပေးသဖြင့် ထိမ်းမြားခြင်းကို ပန်းကုံစွပ်၍ ထိမ်းမြားခြင်း ဟုခေါ်သည်။
ရွှေဖလား၊ ငွေဖလား၊ ဖန်ခွက် စသည်တို့ ရေတစ်ဝက်ထည့်၍ သပြေပန်း၊ နေဇာမြက်များ ထည့်ပြီး သတို့သား၊ သတို့သမီး တို့၏ လက်ယာလက်များကို ချထားစေ၍ ရေကြည်လင်အေးမြ၍ မကွဲတပြား တသားတည်းနေ သတို့သား၊ သတို့သမီးတို့ ရိုးမြေကျ ရာသက်ပန်တည်ပါစေ ဟုဆို၍ လက်ချထိမ်းမြား ခြင်းကို ရေခွက်၌ လက်ချ၍ ထိမ်းမြားခြင်း ဟုခေါ်သည်။