အထက်ပါခေါင်းစဉ်ဖြင့် ပေးပို့ထားတဲ့ စာတစ်စောင်ရှိပါတယ်-
"ဇင်မာဦးသို့"
မုဒိန်းမှုက တိုင်တာလွယ်သလောက်
ရှင်းလင်းရတာခက်ပါတယ်
အခုကြားနေရတယ်
မဇင်မာဦးတို့ကို
မုဒိန်းမှုနဲ့ရဲတိုင်မယ်ဆိုပြီး
သိန်းတစ်ရာတောင်း
တယ် လို့သိရပါတယ်။
ကျနော်..ပြောပါ့မယ်..
မုဒိန်းမှုကျူးးလွန်ခံရရင်
ရဲစခန်းတိုင်ပါ..ငွေတောင်းခွင့်မရှိဘူး။
ရဲစခန်းမတိုင်ဘဲနဲ့
အမှုဖွင့်မယ်ဆိုပြီး ခြောက်လှန့်ပြီး
ပိုက်ဆံတောင်းရင် တရားလိုက
တရားခံဖြစ်မယ်။
မုဒိန်းမှုက ထောင်ဒဏ်နှစ်(၂၀)အထိအပြစ်
ပေးနိုင်တယ်..ထောင်နှစ် ၂၀ ထိအပြစ်ပေး
နိုင်တဲ့အမှုနှင့်တိုင်မယ် အတိုင်မခံချင်ရင်ပိုက်ဆံ
ပေးလို့ခြောက်လှန့်တောင်းလို့ပေးလိုက်ရရင်
ခြောက်တောင်းတဲ့သူကို
ရာဇသတ်ပုဒ်မ ၃၈၈ နဲ့တရားစွဲပါ။
အကယ်၍ထိုသို့မုဒိန်းမှုနှင့်တိုင်မယ်ဆို
ပြီးခြောက်တောင်းတာကို မိမိကပိုက်ဆံ
မပေးဖြစ်ရင်ခြောက်လှန့်တာင်းသူကို
ပုဒ်မ၃၈၉ နဲ့အမှုဖွင့်ပါ။
ရဲအရေးပိုင်တဲ့အမှုတွေဖြစ်ပါတယ်။
၁၀ နှစ်ထိထောင်ချမှတ်ရမည့်ပုဒ်မများ
ဖြစ်တယ်၊အာမခံတော့ရနိုင်တယ်။
မှတ်ချက်။ အတောင်းခံသူက မုဒိန်းမှုကို
ကျူးလွန်မိသည်ဖြစ်စေ၊မကျူးလွန်သည်ဖြစ်စေ။
အမှု အမှန် အမှားနဲ့ မသက်ဆိုင်ပါ.
အထက်ပါပုဒ်မများဖြင့်အမှုဖွင့်လို့ရပါသည်။
လာခြိမ်းခြောက်တောင်းရာတွင်ပါဝင်
သူအားလုံးကို အမှုဖွင့်သင့်ပါကြောင်း။