ပြန်တင်

wunna(36)
Published in
#artzone
Words
37
Reading
1 min
Listen
Play
8y

ဘုရားက လူသာနာစေ စိတ်မနာစေနဲ့တဲ့။

တချို့ပတ်ဝန်းကျင်ကို စိတ်နာခဲ့ပြီးသည့်နောက်
စိတ်ကုန်တဲ့ အဆင့်မရောက်အောင် ကြိုးစားခဲ့ရတယ်။

image

တကယ်တော့ နာကျင်စရာတွေဆိုတာ
အနာထဲ ဆားဝင်သလို စပ်ဖျဉ်းဖျဉ်းနဲ့မဟုတ်လား။

လူ့လောက လူ့ပတ်ဝန်းကျင်မှာ
ချစ်ခင်တွယ်တာမိတဲ့ သံယောဇဉ်ဆိုတာ
အချိန်တွေ နားလည်မှုတွေ အပြန်အလှန်လေးစားမှုတွေကို
ယုံကြည်ခြင်းတွေနဲ့ အလဲအထပ်ပြုထားကြရတယ်။

အပြန်အလှန် ယုံကြည်မှုကင်းမဲ့စေတဲ့အရာတွေကို
ခနခန သည်းခံခွင့်လွှတ်နေမယ့်အစား
မေ့ထားပစ်တာကတော့ အကောင်းဆုံးဖြစ်မှာပါပဲ။

ဘဝမှာ ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့
ပစ်သင့်တာပစ်ပြီး ခရီးဆက်နေရအုံးမယ်။

အတွယ်အတာကင်းလေလေ
ဘဝက ပူလောင်မှုကင်းပြီး ငြိမ်းချမ်းလေလေ.......
ရှာဖွေတင်ပြသည်wunna@wunna

ပြန်တင် | Ecency