Team work လေးတော့ရှိစေချင် 3

wunna(36)
Published in
#msu
Words
109
Reading
1 min
Listen
Play
8y

Team workလေးတော့ရှိစေချင် အပိုင်း၃

ဒီတပတ်
ကျနော့ကို ကိုဒီပက warningပေးထားသည်ကိုတွေ့ရလို့ ကျနော့ကြောင့် စိတ်အနှောင့်ရှက်ဖြစ်ခဲ့ကြတဲ့အကိုတို့ကို ပထမဆုံးအနေနဲ့တောင်းပန်ပါတယ်ခမျာ့

   Team workနှင့်ပက်သက်၍

နေရာဌာနမြောက်များစွာတို့၌ များစွာလိုအပ်နေသည်ကားငြင်းဆို၍ရနိုင်မည်မဟုတ်ပါချေ
သာရေး နာရေး စည်းပွါးရေး ကြီးပွါးရေး စသည်စသည်နေရာဌာနများစွာတည်း...
ကျနော်သည် တောအရပ်မှ မန္တလေးသို့တက်လာသော တောသားတစ်ယောက်ဖြစ်ပါ၏။
ကျနော့မွေးရပ်ဇာတိဖြစ်သော တောအရပ်၌
Team workမရှိသောသူ Team workမရှိသောအိပ်တို့သည် သာရေး နာရေး တို့၌များစွာမျက်နှာငယ်ရ၏
နာရေးသည်ထားစေဦးတော့ သားရေး၌ပင်လျှင် ကိုယ့်အလှည့်တုန်းက ဘာပူးပေါင်းမှုမှမလုပ်ခဲ့သည်ဖြစ်၍ကား ခြောက်ကပ်ကပ်နိုင်နိုင်လွန်းလှတော့၏။
လူတို့သဘောသဘာဝကား...
ကိုင်းကွန်းမှိ ကျွန်းကိုင်းမှီ,
အညမည အချင်းချင်းပက်သက်ဆက်နွယ်နေမှတင့်တယ်သည် မဟုတ်ပါလော့?
image

မလျော့သောဇွဲ မယုတ်သောလုလ္လဝီရိယတို့ဖြင့် အမြဲတစေ တက်ကြွ ပျော်ရွှင်စွာ ပူးပါင်းဆောင်ရွက်မှုသည်သာလျှင် အဖွဲ့ဝင်အားလုံးတို့အား စိတ်ချမ်းသာမှုကိုရစေလိမ့်မည်မဟုတ်ပါလော့?

စေတနာကောင်းခြင်း စိတ်ရှည်ခြင်း သည်းခံစိတ်ပြည့်ဝခြင်း နောက်လိုက် အဖွဲ့ဝင်အားလုံးတို့အာ အောင်မြင်စေလိုသောဆန္ဒအပြည်အဝထားရှိခြင်း စသောစသော ဂုဏ်တို့ဖြင့်ဦးစီး ဦးဆောင်ပေးကြပါသော MSU Admin
တို့အောက်မှာ ဒီအလုပ်ကို လုပ်ရတာ ကျနော်ပျော်ရွှင်ပါသည်

မန်မာ လူမျိုးများ အဘယ့်ကြောင့် မကြီးပွါးမချမ်းသာကြပါနည်း? ဟူသောမေးခွန်းကို
နိုင်ငံခြားသားတစ်ယောက်မှ
" Team workမရှိလို့" ဟုအဖြေပေးသွားလေသည်

မှန်ပါသည်
ကျနော်တို့ မြန်မာတွေဟာ အဖွဲ့လိုက်စုစုစည်းစည်း လုပ်ကိုင်ရမည့် နေရာတွေမှာ ဘယ်တော့မှ ဘယ်တုန်းကမှ ညီညွတ်ကြတယ် တက်ညီလက်ညီနဲ့ လုပ်ကိုင်ကြတယ်ဆိုတာမရှိကြ
အကယ်၍ တက်ညီလက်ညီ လုပ်ကိုင်ကြတယ်ဆိုရင်တောင်မှ အချိန်ကြာကြာ ( သို့မဟုတ် ) လုပ်ငန်းပြီးဆုံးချိန်ထိအောင် ညီညီညွတ်ညွတ် လုပ်ကိုင်ကြတာ မတွေ့ရသလောက်ပင်ဖြစ်၏။

ကျနော်တို့ ဘဝတွေ လျင်မြန်စွာတိုးတက်ဖို့ဆိုလျှင် အဖွဲ့လိုက် တက်ညီလက်ညီ လှုပ်ရှားရုန်းကန်ကြရမည်သာလျှင်ဖြစ်၏။ ။

    author by@wunna
    msu no.055
Team work လေးတော့ရှိစေချင် 3 | Ecency