"ညီမလေးများသို့"

wonna1(30)
Published in
#poem
Words
125
Reading
1 min
Listen
Play
8y

"ညီမလေးများသို့"

ညီမလေ့း့
လွတ်လပ်စွာနေထိုင်ခွင့်ရှိတယ်
စည်းတော့ မကျော်စေနဲ့ပေါ့

ပွင့်လင်းစွာ ပြောဆိုခွင့်ရှိတယ်
မရိုင်းစေနဲ့ပေါ့

စကပ်ကိုပေါင်ခွဲ
ယဉ်ကျေးမှု့တွေ ရှောင်လွဲလို့
ဒီမိုကရေစီနဲ့ အပြိုင်
မိန်းမတို့ သိက္ခာ ယိုင်စေနဲ့ကွယ်
ညီမလေးရယ့့်

စောင့်ထိန်းရမယ့် သိက္ခာ
လိုက်နာရမယ့် ကျင့်ဝတ်
ကိုယ်တွေ လက်ထဲမှာ အဆင်သင့်မဖြစ်ခဲ့ရင်
သားကောင်းမိခင် စကားလုံး
အဆင်ပြေပြေ သုံးနိုင်မယ်မထင်ဘူး ညီမလေး

တွေ့မြင်တုန်း ခဏမှာ
ဟား ဟင် ဆိုတဲ့ အာမေဍိတ်သံကြားမှာ
ဂုဏ်ယူချင်တဲ့ စိတ်
တိတ်တဆိတ် ပယ်ပျော်နိုင်ပါစေ ညီမလေး

ကျားတို့သဘာဝ
တပ်မက်စိတ်က လွဲရင်
တန်ဖိုးထားတဲ့ စိတ်ထား
တစ်ပြားသားမှ မရတဲ့အလှ
ဘာလို့များရချင်နေတာပါလိမ့်

ယောက်ျားတစ်ယောက်
ညည်းနက် သန်းခေါင်ထိ
လမ်းပေါ် ရောက်နေရင်
အိမ်ပြေး ဆိုတဲ့ စကားလုံးထက် ပိုမရဘူး

မိန်းပလေးတစ်ယောက်
ညဥ့်နက် သန်းခေါက်ထိ
လမ်းမပေါ် ရောက်နေရင်
ညကြေးတွေ ခွဲ မကောင်းတဲ့
မိန်းမပဲ လို့ တမ်းစွပ်စွဲကြဖို့ များတယ်

ယောက်ျား တစ်ယောက်
ပေါ်အောင် ပြရတဲ့ အလှ
စိတ်မတဲ့ ကာလ ပင်ပင်ပန်းပန်း
လုပ်ရတဲ့ တဒင်္ဂပဲရှိတယ်

မိန်းမတစ်ယောက်
ပေါ်အောင်ပြရတဲ့ အလှ
Sexy ကျတယ် ဆိုတဲ့စကားလုံးထက်ပိုမရဘူး

ဒီတော့ ညီမလေးရယ်
ဘယ်နေရာ ဘယ်ဒေသကိုပဲ သွာသွား
ညီကို မောင်နှမ မျက်နှာလေးတွေကိုတော့
ပတ်ဝန်းကျင်မှာ ထားခွင့်ပြုနိုင်ပါစေ့

ပြောင်းလဲ လာတဲ့ ခေတ်ယဉ်ကျေးမှုအရ
ပေါ်အောင် ပြရမှ
ကျေနပ်နိုင်မယ် ဆိုလည်း
သေချာတာ တစ်ခု
သတိပြု နိုင်ပါစေကွယ်

ပေါပေါ လောလော ရတဲ့အလှ
ဘယ်သူမှ ထာဝရ
တန်ဖိုးမထားဘူးဆိုတာကိုသိပေါ့

မိန်းကလေးတွေရဲ့အလှ
ပေါ်အောင်ပြနိုင်မှ
ဒီခေတ်ကြီးမှာ အဆင်ပြေနိုင်မယ် ထင်တဲ့စိတ်
လွင့်ပစ်နိုင်ပါစေ ညီမလေးရေ့။

"ညီမလေးများသို့" | Ecency