Other view

wonna(14)
Published in
#artzone
Words
73
Reading
1 min
Listen
Play
8y

အခြားတစ်ဖက်မှ ရှုမြင်ခြင်း
👀 👀 👀 👀 👀

ဒီစာအုပ်ကလေး ရောက်လာကတည်းကစ အလုပ်များချင်ယောင်၊ ခရီးများချင်ယောင် ဆောင်နေရတာနဲ့ ဒီနေ့မှပဲ ဖတ်ဖြစ်တော့တယ်။ စကတည်းကစ ဆုံးသည်အထိ ပြီးအောင်ဖတ်လိုက်မိတယ်။ ပေးလိုက်ရတဲ့အချိန်နဲ့ ထိုက်တန်စွာပါပဲ တန်ဖိုးရှိတဲ့ ဗဟုသုတတွေ ရပါတယ်။
🙂 🙂 🙂

စေတနာကောင်းကောင်း ဇွဲကောင်းကောင်းနဲ့ ကြိုးစားပြီး ဘာသာပြန်ထားတာကိုတွေ့ရတယ်။ စာအုပ်လက်ဆောင်ပေးတဲ့ ဘာသာပြန်ဆရာမလေးကို ကျေးဇူးတင်ရတယ်။
စာကောင်းပေမွန်တွေ ဆက်လက်ရေးသား ပြန်ဆိုနိုင်ပါစေ။
👍👍👍✍️✍️✍️

လူတစ်ယောက်ဟာ သူကြိုက်တာကို လုပ်နိုင်ပေမယ့်လည်း သူကြိုက်တာကို သူကိုယ်တိုင် မကြိုက်တာမျိုး ဖြစ်တတ်တယ်။

(အာသာရှိုပင်ဟောင်ဝါ)

မြို့ပြမှာ နေထိုင်သူတွေက ကျေးလက်ဒေသကို ပိုသဘောကျပြီး ပြောင်းရွှေ့ချင်ကြတယ်။ ကျေးလက်မှာ နေထိုင်သူတွေက မြို့ပြကို ပြောင်းရွှေ့နေထိုင်ချင်ကြတယ်။

မွေးဖွားရာတိုင်းပြည်မှာ နေထိုင်သူတွေက အခြားတိုင်းပြည်ကို ပြောင်းရွှေ့နေထိုင်လိုကြတယ်။ အခြားတိုင်းပြည်ရောက်နေတဲ့သူတွေက မိမိတိုင်းပြည်ကို ပြန်လာချင်ကြတယ်။

ငယ်ရွယ်တဲ့သူတွေက လူကြီးဖြစ်ချင်ကြပြီး အသက်ကြီးသွားတဲ့သူတွေက ပြန်ငယ်ချင်ကြတယ်။ အလုပ်လုပ်နေကြတဲ့သူတွေက အငြိမ်းစားယူချင်ကြပြီး အငြိမ်းစားယူပြီးတဲ့သူတွေက အလုပ်ပြန်လုပ်ချင်ကြတယ်။

ဒါတွေကိုကြည့်ခြင်းအားဖြင့် အလိုမကျမှုတွေဟာ လူသားတို့သန္တာန်မှာ ကိန်းနေကြတယ်ဆိုတာ ထင်ထင်ရှားရှားတွေ့နိုင်ပါတယ်။

image

Other view | Ecency