တာဝန်​ကြ တာဝန်​ကြပါ

Words
76
Reading
1 min
8y
Listen to this post
~1 min

သဘာဝမကျတဲ့ အမြင်လေးတစ်ခုကို
မပြောရဲပြောရဲ ပြောရရင်

ယခု ဖြစ်ပေါ်နေတဲ့ ရေဘေးသင့်ဒေသတွေမှာ
စွမ်းစွမ်းတမံ ကူညီကယ်ဆယ်ရေးလုပ်နေ
သူတွေဟာ တပ်မတော်သားတွေ
ဖြစ်ရမှာမဟုတ်ဘူး

မဘသ ဖြစ်ရမှာ မဟုတ်ဘူး

ရဟန်းသံဃာတွေ ဖြစ်ရမှာ မဟုတ်ဘူး

အလံတထောင်ထောင်နဲ့ နိုင်ငံရေးပါတီတွေ
ဖြစ်ရမှာ မဟုတ်ဘူး

ဒါတွေဟာ သူတို့ရဲ့ ပင်မအလုပ်လဲ မဟုတ်ဘူး

ဒါတွေဟာ အစိုးရအလုပ် အစိုးရတာဝန်သာ
ဖြစ်ပါတယ်

ကိုယ့်အသိနဲ့ကိုယ် မနေနိုင်မထိုင်နိုင်
ရေဘေးကူညီကယ်ဆယ်ရေးလုပ်နေသူတွေ
နေရာမှာ အစိုးရတာဝန်ရှိသူတွေဘဲ
မားမားမတ်မတ်နဲ့ ရှိနေ လုပ်နေရမှာ ဖြစ်ပါတယ်

ဒါပေမယ့်လဲ ခု နိုင်ငံက မြန်မာနိုင်ငံဖြစ်လေတော့
တာဝန်ရှိသူတွေက တာဝန်ရှောင်လျှက်
ပြည်သူကပေးတဲ့ အခွန်တွေ အာဏာတွေနဲ့
စည်းစိမ် ခံစား စံစားနေကြပြီး
တာဝန်မရှိသူတွေက မနေတတ်မထိုင်တတ်
ဝင်လုပ်နေကြရတဲ့ သဘာဝမကျတဲ့အဖြစ်မျိုး
တွေကို မြင်နေ တွေ့နေကြရဦးမှာပဲ
မြင်မြင်သမျှကို သည်းခံနေရုံပါပဲ

Photo: ရေဘေးသင့်ဒေသခံပြည်သူများအား
ကူညီကယ်ဆယ်ရင်း အသက်စွန့်လွတ်သွားသော
ကျိုက်ထို အမှတ် ၂ ခြေမြန်န်တပ်ရင်းမှ
တပ်သား စောတင်မောင်ဝင်းအား
ယနေ့ညနေ ၄နာရီ ၃၀ကျော်ခန့်တွင်
စစ်အခမ်းအနားဖြင့် သင်္ဂြိုဟ်ပုံ မြင်ကွင်း
image
image

တာဝန်​ကြ တာဝန်​ကြပါ | Ecency