မြန်မာနိုင်ငံသားကျွန်တော့်အကြောင်း
ကျနော်သည်မြန်မာပြည်ဖွားတွင်မွေးဖွားခဲ့သည်။(1969)ခုနှစ်တွင်မွေးဖွားခဲ့ပြီး စစ်ကိုင်းတိုင်း ကန့်ဘလူ
မြို့နယ်တွင်ဇာတိချက်မြုတ်ဖြစ်ပါသည်။မိမိမြို့ရွာတွင်အထက်တန်း
အထိပညာသင်ယူခဲ့ပြီး အသက် (23)နှစ်တွင်အိမ်ထောင်ကျခဲ့ပြီး
စီးပွားရေးလုပ်ငန်းများ စတင်လုပ်ကိုင်ခဲ့ပါသည်။
မွေချင်း(5)ယောက်ရှိပြီအကြီးဆုံး
သားဖြစ်ပြီး မိဘများမှ ကုန်စုံဆိုင်
ဖွင့်ထားပြီး စီးပွားရေးအဆင်ပြေ
သောမိသားစု ဖြစ်ခဲ့ပါသည်။
ကျနော်နေထိုင်သောဇာတိမြို့သည်
ပတ်ဝန်းကျင် ဆက်စပ်ကျေးရွာများ
များပြားပြီးဒေသထွက်သီးနှံ၊ ဆန်စပါး၊ပဲပြောင်း၊ကြက်သွန်၊ငရုပ်
စသဖြင့်သီးနှံမျိုးစုံပေါ်များပြီး စည်
ကားသောတောမြို့ဖြစ်ပါသည်။
ဒေသခံများသည်ဖော်ရွေယဉ်ကျေး
ကြပြီး အများစုသည် မြန်မာဗုဒ္ဓဘာ
သာဝင်များဖြစ်ကြပါသည်။
ကျွန်တော်သည် 1998 ခုနှစ်တွင်
မြန်မာပြည်၏ဒုတိယမြို့တော်ဖြစ်
သော မန္တလေးမြို့သို့ ပြောင်းရွေ့
နေထိုင်ခဲ့ပြီး စီးပွားရေးလုပ်ငန်းများ
လုပ်ကိုင်ခဲ့ပြီး ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို ရောင်းဝယ်
ရေးလုပ်ငန်းလုပ်ကိုင်ခဲ့ပါသည်။
ကျနော်သည်စာပေဝါသနာပါသူ
ဖြစ်ပြီး ငယ်စဉ်ကတည်းက စာပေ
မျိုးစုံကို ဖတ်ရူသူလည်းဖြစ်ပါသည်။
ဘာသာပြန်စာအုပ်များ နိုင်ငံတကာ
အကြောင်းအရာများကိုလည်း
ဖတ်ရူလေ့လာခဲ့ပါသည်။အထူးသ
ဖြင့် စိတ်ပညာ၊လောကီပညာ၊ဗေဒင်
ပညာများကိုလည်း လေ့လာလိုက်စားခဲ့ပါသည်။
ကျွန်တော်သည်ပင်ကိုယ်စရိုက်အား
ဖြင့်အားနာတတ်သူ စေတနာကောင်း
သူ လူတိုင်းအဆင်မပြေသူများကို
ကူညီပေးကမ်းတတ်သူတစ်ဦးလည်း
ဖြစ်ပါသည်။
အထူးသဖြင့်ကျွန်တော်တို့မြန်မာနိုင်ငံ
သားတိုင်း တိုင်းရင်းသားလူမျိုးစု
များအားလုံးသည်လည်း လူတိုင်းကို
ကူညီတတ်ကြသူများ ဖော်ရွေခင်မင်
တတ်ကြသူများ ဖြူစင်ရိုးသားကြသူ
များသာဖြစ်ကြပါသည်။
မြန်မာနိုင်ငံအားအင်္ဂလိပ်လက်အောက်တွင်ကျွန်ပြုခံရသော
ကြောင့် (1948)ခုနှစ်မှသာလွပ်လပ်
ရေးရရှိခဲ့ပြီး အကြောင်းကြောင်း
ဖြင့်တိုးတက်မူမရှိသောလည်း
မြန်မာဆိုသည်မှာ မိမိယဉ်ကျေးမူ
မိမိသမိုင်း မိမိဂုဏ်ဖြင့် ကမ္ဘာသိ
ပွဲလည်တင့်ခဲ့သောနိုင်ငံတစ်ခုဖြစ်
ခဲ့ပါသည်။
အထူးသဖြင့် ပုဂံမြို့သည်မြန်မာ
ရှေးဟောင်းအမွေအနှစ်ယဉ်ကျေး
မူလက်ရာများဖြင့် ပြည့်နှက်နေပြီး
ကမ္ဘာလှည့်ခရီးသွားများ လာရောက်
လည်ပတ်လေ့လာကြည့်ရူရာနေရာ
အဖြစ်ကမ္ဘာတွင်ကျော်ကြားပါသည်၊
ထို့ပြင်မြန်မာတွင်းထွက်ရတနာ
ကျောက်စိမ်းသည်ကမ္ဘာကျော်ဖြစ်
ပြီး ကချင်ပြည်နယ် ဖားကန့်မြို့မှ
ထွက်ရှိပါသည်၊ ထိုနည်းတူ
တွင်းထွက်ရတနာတစ်မျိုးဖြစ်သော
ပတ္တမြား(ruby)သည်လည်း မိုးကုတ်
မြို့မှထွက်ပြီးကမ္ဘာတွင်ကျော်ကြား
ပါသည်။
မြန်မာပြည်မှထင်ရှားသူများမှာ
ကမ္ဘာ့ကုလသမဂ္ဂအတွင်းရေးမူးချုပ်
ဦးသန့်ဖြစ်ပြီး နောက်တစ်ဦးမှာ
မြန်မာဒီမိုကရေစီသူရဲကောင်းအဖြစ်
ကျော်ကြားသူ မြန်မာအာဇာနည်
ဗိုလ်ချုပ်အောင်ဆန်း၏သမီး
ဒေါ်အောင်ဆန်းစုကြည်ဖြစ်ပါသည်။
ကျနော်သည်မြန်မာပြည်ဖွားနိုင်ငံ
သားတစ်ဦးဖြစ်ခြင်း မိမိနိုင်ငံသည်
တိုးတက်မူနှေးကွေးသော်လည်း
မြန်မာလူမျိုးများသည် ဖော်ရွေယဉ်ကျေးပြီးကူညီတတ်သူများဖြစ်ခြင်း
တိုကြောင့်မြန်မာနိုင်ငံသားတစ်ဦးဖြစ်
ရခြင်းကိုအလွန်ဂုဏ်ယူမိပါသည်။
writing -winnaing oo(myanmar)