ကျွန်တော်တို့လူသားတွေဟာ ခေတ်တွေစနစ်တွေ ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ လူသားတွေဟာ အပေါင်းအသင်း အသင်းအဖွဲ့ များနှင့် ခေတ်ကာလပြောင်းလဲလာသည်နှင့်အမျှ စုပေါင်းလုပ်ဆောင်လာတာကို တွေ့မြင်နေရပါတယ်…………………။
အသင်းအဖွဲ့ အပေါင်းအသင်းများနှင့် စုပေါင်းလုပ်ကိုင်ကြတဲ့နေရာမှာ အဖွဲ့အစည်းကို ဦးဆောင် ဦးရွက်ပြုသော ခေါင်းဆောင်များနှင့် ထိုခေါင်းဆောင်၏ညွှန်ကြားမှုများကိုလိုက်နာဆောင်ရွက်ကြသော
နောက်လိုက်လူတွေများလည်း ရှိလာကြတာကိုလည်း မြင်တွေ့နေကြရပါတယ်……………………။
ဦးဆောင်သူကတော့ အဖွဲ့အစည်းတစ်ခုလုံးတိုးတက်ပြောင်းလဲရန်အတွက် နည်းလမ်းကောင်းများကို ရှာဖွေ၍ အရာရာကို စဉ်းစားဆုံးဖြတ်ပြီး လုပ်ဆောင်နေကြပါတယ်………………………။
ဦးဆောင်သူနောက် လိုက်ပါနေကြသောသူတွေကတော့ အဖွဲ့သားအချင်းချင်း ကူညီရိုင်းပင်းကာ လက်တွဲခေါ်ယူခြင်း အချင်းချင်း စုပေါင်းဆွေးနွေးတိုင်ပင်ခြင်း စုပေါင်း လုပ်ဆောင်ခြင်းဆိုတာတွေကို
တိုးတက်ပြောင်လဲမှုတွေ ဖြစ်ပေါ်လာရေးအတွက် လုပ်ဆောင်နေကြတာကိုလည်း မြင်တွေ့နေရပါတယ်………………………………။
ဟိုအရင်ကတော့ ဦးဆောင်သူ ခေါင်းဆောင်တစ်ယောက်တည်းရဲ့ စဉ်းစားတွေးခေါ်ခြင်းတွေနဲ့ ဆုံးဖြတ်လုပ်ကိုင်ရာကနေ ယခုတော့ ခေါင်းဆောင်နှင့်တကွ နောက်လိုက်အဖွဲ့အစည်းတစ်ခုလုံးရှိ အများရဲ့အတွေးအခေါ်အကြံအစည်များကို စုပေါင်းအသုံးပြုလာနိုင်တဲ့အတွက် မိမိတို့ရဲ့ အဖွဲ့အစည်းတစ်ခုလုံး၏ ညီညွတ်စွာ လုပ်ကိုင်ဆောင်ရွက်ကြတဲ့ စွမ်းဆောင်ရည် ဟာလည်း တစ်ဖြည်းဖြည်းနှင့် ပြောင်းလဲတိုးတက်ကောင်းမွန်လာတာကိုလည်း မြင်တွေ့နေကြရပါတယ်………………………။
ခေတ်ကာလဆိုတဲ့အချိန်တွေ ပြောင်လဲလာသည်နှင့်အညီ ခေတ်စနစ်တွေ တိုးတက် ပြောင်းလဲလာတာနဲ့အမျှ လူသားတို့၏အစည်းတွေမှာ တစ်ဖွဲ့နှင့်တစ်ဖွဲ့ ယှဉ်ပြိုင်တိုက်ခိုက်ခြင်းတွေကလည်း အရင်ကထက်
ပိုပိုပြီးများလာတာကိုလည်း မြင်တွေ့နေကြရပါတယ်…………………………။
Author:@winkyaw
Photos:Cedit Google Images