အရိန္ဒမာအသိဆုံးပါ

Words
56
Reading
1 min
Listen
Play
8y

image

မြင်ကတည်းက
ရင်ထဲက စွဲခဲ့တယ် မဏိစန္ဒာ။

ဘုရင့်ဘဏ္ဍာ မတော်မတရားနဲ့
အရှင့်အာဏာ စော်ကားခဲ့သူမို့
ဪသာ် …ဓါးထိကာအသေသတ်ရင်လည်း
ကျေနပ်မှာပါ။

မလျှော်တာအခက် ကြံဆမိလို့
အနော်ရထာ မျက်မာန်ရှမှာလည်း
ခံရမယ် အသေအခြာသိပေမယ့်
ဝေဒနာရှိသူ ရင်မှာမအေးလေတော့
သေဘေးကိုတဲ့ မမြင်သာ
အကြင်နာက နှစ်ဆင့်ပိုကဲ။

မသင့်တော်တာ ချစ်လာခဲ့သူမို့
အရှင့်အပေါ်မှာ သစ္စာမဲ့သူလို့
ကဲ့ရဲ့ကာ ဆိုချင်ဆို

ငြိုငြင်လိုက ငြိုငြင်လိုက်
ကိုယ့်ထိုက်နဲ့ ကိုယ့်ကြမ္မာပေါ့

ဘုရင့်အာဏာ မဖီဆန်ရဲတာကြောင့်
လက်လွှဲကာ ရှေ့တော်ဆက်ရပေမယ့်
မွေ့ပျော်ရက်တယ် သခင်ထင်လား

ရင်ခွင်မှာ ဆယ်နေကဲသလို
အမြဲပူလောင်လှချည်ရဲ့
ကြိုးနှောင်ကာ အရှင်တည်းပါလို့

ရင်ထဲကို လှံမထိခင်က
ချစ်မိသူ အသည်ြးွေကပြုန်းကာ

(မဏိစန္ဒာရယ် …)
ကိုယ်ကတော့
အမြဲသေဆုံးခဲ့ပြီပဲ …။

အလဲ့အလဲ့ 😁
whiteflower@whiteflower

အရိန္ဒမာအသိဆုံးပါ | Ecency