The Ant Path Way

Words
35
Reading
1 min
Listen
Play
1y

အိမ်ရှေ့က လမ်းကို ကန့်လန့် ဖြတ်ကာ သွားလာနေကြတဲ့ ပုရွက်ဆိတ်တွေကို တွေ့မြင်နေရတာ တစ်ပတ်လောက်ရှိပါပြီ။
ပုရွက်ဆိတ်တွေက သာမန် သွားလာရုံမဟုတ်ပါဘဲ လမ်းဖောက်ပြီး သွားလာနေကြတာပါ။

ဒီပုရွက်ဆိတ် လမ်းကြောင်းက လှိုဏ်သဖွယ် အမိုးအကာဖြင့် ဖောက်လုပ်ထားတာပါ။
ဒီလမ်းပေါ်ကို လူတွေ ဆိုင်ကယ်တွေ သွားလာနေကြပေမယ့် ပုရွက်ဆိတ်လမ်းကြောင်းက ရက်ရှည်စွာ တည်ရှိနေပါတယ်။

ဒါကို နေ့စဉ်လို မြင်နေရလို့ ကျွန်တော်လည်း ဓာတ်ပုံရိုက်ယူထားလိုက်ပါတယ်။
သင်တို့ရော ဒီလို ပုရွက်ဆိတ်လမ်းကြောင်း ကို မြင်ဖူးကြပါသလား။

The Ant Path Way | Ecency