နေထွက် နေဝင် HIVE ဈေး မြင်သည်

walarhein(67)
Published in
#hive
Words
56
Reading
1 min
Listen
Play
6y

မင်္ဂလာရှိကြပါစေ။

မနေ့ညနေက စလို့ HIVE ဈေးလေး လှုပ်တုပ်တုပ်
တက်လာသယောင် ရှိနေတော့ ဝမ်းသာ ပျော်ရွှင်ရမလိုပါ။
ဒီနေ့မနက်တော့ ကျရိပ် ပြန်သန်းချင်နေပါတယ်။
ဒါဟာ ဈေးကွက် အသက်ရှိနေသေးတဲ့ သဘောမို့
HIVE မှာ လှုပ်ရှားနေရသူတို့ အဖို့တော့ စိတ်မပျက်နိုင်သေးတဲ့
အကြောင်းတရား ပါပဲ။

တက်လိုက် ကျလိုက် မြင်ရတော့ ဝင်လိုက် ထွက်လိုက်
နေမင်းကြီးကို မြင်ယောင်မိပါတယ်။ ဒါဟာ လောကသဘာဝ
ပေပဲ မဟုတ်လား။

img_0.42274378315153893.jpg

ဒါနဲ့ပဲ ဒီနေ့တော့ စောစောစီးစီး နေဝင်ချိန် ရှုခင်းလေးကို
တင်လိုက်ရပါတယ်။ နေဝင်ပြီးရင် ပြန်ထွက်လာဦးမယ်
မဟုတ်လား။
ဤသို့သာပဲ HIVE ဈေးသည်လည်း ကျပြီး ပြန်တက်ဦးမယ်
ဟုတ်တယ်မလားဗျာ။
နေဝင်ညကို ကူးဖြတ်ရဲမှ ရောင်နီသာတဲ့ နေ့သစ်ကို ရောက်မယ်။

walarhein@walarhein

နေထွက် နေဝင် HIVE ဈေး မြင်သည် | Ecency