ယဉ်ကျေးမှုနှင့်အသိတရား

waku(44)
Published in
#esteem
Words
69
Reading
1 min
Listen
Play
9y

ကျွန်ုပ်တို့ဟာ ရှင်သန်နေတဲ့အခ်ျန်ကာလလေးတွေမှာ ပြုပြင် ပြောင်းလဲရေး ဖြစ်ပေါ်နေတဲ့ သံသရာကြီးမှာ ပိတ်မိနေကြပါတယ်။ ထို သံသရာကြီးကို မဖြေရှင်းနိုင်ဘူးဆိုရင် ဘယ်တော့မှ ပြဿနာရဲ့ အဖြေကို ရှာတွေ့နိုင်မယ်မထင်ပါဘူး။ ငယ်ရွယ်စဉ်အချိန်မှာထဲက ထိုသဘောတရားကို နားလည်ထားဖို့လိုအပ်ပါတယ်။ ထိုသဘောတရားကို သေချာမသိနားမလည်ရင် နောက်ထပ် နောက်ထပ် ဗရုတ်သုတ်ခတွေကို ဖန်တီးနေကြမှာပါ။
ကျွန်ုပ်ဘဝတွေ မှန်ကန်သောလမ်းကိုလျှောက်လမ်းနိုင်ဖို့အတွက် အသိညဏ်တွေ ကျယ်ကျယ်ပြန့်ပြန့် လိုအပ်ပါတယ်။ သစ္စာတရားကို ရှာဖွေဖို့အတွက် ကြီးမားတဲ့မေတ္တာတရားကို လိုအပ်ပါတယ်။ စစ်မှန်တဲ့ သစ္စာတရားရှာဖွေသူဟာ စစ်မှန်တဲ့ ဘာသာရေးသမားဖြစ်ပါတယ်။
ကျွန်ုပ်တို့ နေ့စဉ် အစဉ်မပျက်တဲ့ ဘဝရဲ့စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရပါတယ်။မြင်တဲ့အတိုင်း ကျွန်ုပ်တို့ အားလုံးဟာ ကြောက်ရွံနေကြပါလိမ့်မယ်။ ဘာကြောင့်ကြောက်ရွံနေကြရလဲဆိုရင် ကျွန်ုပ်တို့ကို ပတ်ဝန်ကျင်နဲ့ ဓလေ့ထုံးတမ်းဆိုတဲ့ သတ်မှတ်ထားတဲဘောင်ထဲမှာ အမြဲတမ်း လုံလုံခြုံခြုံ ထားရှိနေကြလို့ပါ။ ပုံစံသေတစ်ခုနဲ့ နေထိုင်တဲ့သူတွေ၊ ပုံစံသေတစ်ခုက ပုံသွင်းခံရလို့ ဆန့်ကျင်နေတဲ့သူတွေ၊ ထိုသူတွေဟာ ယဉ်ကျေးမှုအသစ်ကို ဖန်တီးနိုင်တဲ့သူတွေ မဟုတ်ပါဘူး။လွတ်မြောက်ရေးကို ဦးတည်ထားတဲ့ လှုပ်ရှားမှုသာလျှင် ယဉ်ကျေးမှုအသစ် အသစ်တွေကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။
image

Credit Photo Facebook

ယဉ်ကျေးမှုနှင့်အသိတရား | Ecency