ပညာရေးနှင့် အသိ

waku(44)
Published in
#esteem
Words
60
Reading
1 min
Listen
Play
8y

ကျောင်းကထွက်ပြီးနောက် ဘဝရဲ့ နောက်ပိုင်းကာလတွေမှာ ပျော်ရွှင်ချမ်းမြေ့မှုကိုတွေ့ဖို့ အလွန်ခဲယဉ်းသွားပြီးလို့ ကျွန်ုပ်ထင်ပါတယ်။သည်စာသင်ခန်းထဲက ထွက်သွားတဲ့အခါမှာ ကျွန်ုပ်တို့ဟာ အလွန်ကြီးမားတဲ့ ပြဿနာကြီးတွေနဲ့ ထိပ်တိုက် ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။ သည်ပြဿနာတွေကို ရင်ဆိုင်နိုင်အောင်ကြီးစားပြီး လက်ရှိထက် ပိုကောင်းမွန်တဲ့ကမ္ဘာကြီး တစ်ခု ဖန်းတီနိုင်အောင် ကျွန်ုပ်တို့ ကြိုးစားရမယ်။ သို့သော်လည်း ကျွန်ုပ်တို့ကို ပြင်ဆင်ပေးတာမျိုး မလုပ်တဲ့ ပညာရေးဟာ အတုအယောင်ပညာရေးပဲဖြစ်တယ် ကျွန်ုပ်ထင်တယ်။ ပညာရေးရဲ့အလုပ်ဟာ ကျောင်းသားတွေကို လူမှုပတ်ဝန်ကျင်ရဲ့ သြဇာထဲ ပိတ်မိနေခြင်းမရှိအောင် အားပေးကူညီဖို့ဖြစ်ပါတယ်။
လူမှုပတ်ဝန်ကျင်သြဇာတွေဟာ ကျောင်းသားတွေရဲ့စိတ်ကို ကျဉ်းမြောင်းစေပါတယ်။ သူတို့ရဲ့အမြင်ကို ကန့်သတ်ပိတ်ပင်ပါတယ်။ သူတို့ရဲ့ ပျော်ရွှင်ချမ်းသာမှုကို တားဆီးပါတယ်။
အထူးသဖြင့် ကျွန်ုပ်တို့ မျက်နှာချင်းဆိုင်ကြရတော့မယ့် ကမ္ဘာကြီးအတွင်းမှာဆိုရင် အလွန်ရှင်းလင်းပြက်သားတဲ့အသိညဏ်မျိုး ပိုင်ဆိုင်ထားဖို့ အလွန်အရေးကြီးပါတယ်။ ပြဿနာတွေရဲ့ အတိမ်အနက်၊ အကောင်းအဆိုးကို အရှိတိုင်း ကြည့်ရမယ်ဆိုတဲ့ စိတ်ဓာတ်မျိုးထားနိုင်တဲ့ လူတစ်ယောက်အနေနဲ့ ဖြေရှင်းနိုင်တဲ့အခါမှသာ သည်အသိညဏ်မျိုး ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။
image
Crd-org-source

ပညာရေးနှင့် အသိ | Ecency