မွန်မြတ်သော စိတ်ထား

waku(44)
Published in
#esteem
Words
71
Reading
1 min
Listen
Play
8y

စိတ်နှလုံးထား ကြီးမားမြင့်မြတ်သော ပုဂ္ဂိုလ်​တို့၏ စိတ်သည် အစစအရာရာပြည့်စုံ၍ ဂုဏ်ကျက်သရေတိုးပွားစေကာ ကြာပန်းကဲ့သို့ နူးညံ့ပျော့ပျောင်း၏ ။ ပျက်စီးခြင်းနှင့် ကြုံတွေ့လာခဲ့သည် ရှိသော်လည်း တုန်လှုပ်ချောက်ချားခြင်းမရှိပေ။
စိတ်စေတနာကောင်းနှင့် ပြုမိသော်လည်း တစ်ကြိမ်တစ်ခါ ဒုက္ခရောက်တက်သည်။
ကျွန်ုပ်တို့၏ စိတ်ကို မြင့်မြတ်သော အတွေးအခေါ်များဖြင့် မွေးမြူပြုစုနိုင်အောင် ကြိုးစားပါ။ တစ်ချို့ပုထုဇဉ်​တွေ မကောင်းတာ လုပ်တာများ အဆန်းမလုပ်နေနှင့်။ အခုလည်း မကောင်းတာလုပ်နေသလို ၊ နောက်ကလည်း မကောင်းတာ လုပ်နေကြဦးမှာပဲ။ သူတို့မကောင်းတာနှင့် ကိုယ်နှင့် ဘာမှမသက်ဆိုင်ပါ။ သို့သော် မကောင်းတာသိပြီး မကောင်းတဲ့လမ်း မလျှောက်ဖို့လိုပါသည်။
မကောင်းသောကံကို ပြုသူမှာ ဘယ်သောအခါမှ စိတ်နှလုံးချမ်းမြေ့နိုင်မှာ မဟုတ်ပါ။ တစ်စုံတစ်ခုကို စိုးရိမ်ကြောက်ရွံ့နေရတက်ပါသည်။ စိတ်ချမ်းသာမယ့် အကျိုးကိုခံစားလိုလျှင် စိတ်ချမ်းသာမယ့် အကြောင်းကို ပြုရတယ်။ စိတ်ချမ်းသာ အကျိုးခံစားရမယ့် အကြောင်းကို မပြုဘဲ အကျိုးခံစားရဖို့ မရှိပါ။
အရာရာတိုင်းအတွက် စိတ်က ရှေ့ဆောင်ဦးစီးပါ။ ဖြူစင်သန့်ရှင်းတဲ့စိတ်နှင့် ကြံဆောင်ပြုအပ်သော အပြုအမူ မှန်မှသာ ကောင်းကျိုးချမ်းသာကို ရရှိနိုင်မှာ ဖြစ်ပါသည်။
image

Credit Photo Facebook

မွန်မြတ်သော စိတ်ထား | Ecency