ဂုဏ်သိက္ခာ၏ တန်းဖို

waku(44)
Published in
#esteem
Words
76
Reading
1 min
Listen
Play
9y

ကျွန်ုပ်တို့ဘဝမှာ နေ့စဉ် ဖြစ်ပျက်နေသော အရာများစွာရှိပါတယ်။ ထိုအရာများစွာအနက် ပရမ်းပတာဖြစ်ပျက်မှုတွေက ပိုများပြားတက်ပါတယ်။ ဘာကြောင့် ဘဝမှာ ပရမ်းပတာ ဖြစ်နေရတာလဲဆိုတာ စဉ်းစားမိဖူးလား?
ကျွန်ုပ်တို့ရဲ့ အပြုအမူအပြောအဆိုတွေကရော ပရမ်းပတာဖြစ်နေတာလား ?
ကျွန်ုပ်တို့ရဲ့ စဉ်းစားတွေးခေါ်မှုတွေဟာ မသေမသပ် ပရမ်းပတာ ဖြစ်နေတာလား ?
ကျွန်ုပ်တို့ လုပ်ကိုင်တဲ့ လုပ်ငန်းတွေ မတိမကျ ပရမ်းပတာ ဖြစ်နေတာလား ?
ဒီလိုဆိုရင် အပြုအမူအပြောအဆိုတွေ စဉ်းစားတွေးခေါ်မှုအပိုင်းတွေ လုပ်ကိုင်တဲ့လုပ်ငန်းတွေ စသည့်တို့ကို သေသေသပ်သပ် ဖြစ်စေဖို့က ဘယ်လို လုပ်ဆောင်ရမလဲ ဆိုတာ သိထားဖို့ အရေးကြီးပါတယ်။
ဒါဆိုရင် သေသပ်မှုရဲ့အဓိပ္ပါယ်ဆိုတာဘာလဲ။ သေသပ်မှုရဲ့ အဓိပ္ပါယ်ဆိုတာ ဘယ်လိုအရာမျိုးမဆို ထိန်းချုပ်ထားခြင်းမရှိဘဲ အေးဆေးတည်ငြိမ်စွာ ပြုလုပ်တက်ခြင်းပင်ဖြစ်ပါတယ်။
အပြုအမူအပြောအဆို အတွေးအခေါ်တွေ အတွက် အမြင်ကျယ်ပြီး ပြတ်ပြတ်သားသားတွေးခေါ်ပြောဆိုရင် သေသပ်နိုင်ပါတယ်။ သေသပ်မှုဆိုတာလည်း ကျွန်ုပ်တို့မှာ ရှိနေတဲ့ ဂုဏ်သိက္ခာကနေ ပေါ်ပေါက်လာတာပါ။
ထိုကြောင့် ကျွန်ုပ်တို့ ဘဝမှာ ပရမ်းပတာ ဖြစ်မနေအောင် ဂုဏ်သိက္ခာ ရှိဖို့ တည်ဆောက်ဖို့လိုပါတယ်။ ဂုဏ်​သိက္ခာရှိလာပြီးဆိုရင် ကျွန်ုပ်တို့ရဲ့ အပြောအဆို အပြုအမူတွေက တိကျခိုင်မာလာမှာဖြစ်ပါတယ်။
image

Credit Photo Facebook

ဂုဏ်သိက္ခာ၏ တန်းဖို | Ecency