ကောင်းမွန်သောစိတ်ထား (၂)

waku(44)
Published in
#esteem
Words
68
Reading
1 min
Listen
Play
8y

လောကမှာ လူတစ်ယောက်အတွက် အရေးကြီးဆုံးအရာက ကိုယ်ကျင့်တရား၊ သိက္ခာ၊ သမာဓိ စသည့်အရာများ မရှိမဖြစ်လိုအပ်ပါတယ်။ လူတစ်ယောက်ရဲ့အဆင့်အတန်းကို ကိုယ်ကျင့်တရား၊ သိက္ခာ၊ သမာဓိ၊ ကောင်းမွန်သောစိတ်ထားတွေက ဖော်ပြပေးပါတယ်။ ကောင်းမွန်သောစိတ်ထားရှိဖို့က အရေးကြီးပါတယ်။ စိတ်ကို မကောင်းတဲ့ဘက် လွှတ်ထားပြီး အကုသိုလ်သေးသေးလေး၊ နည်းနည်းပါးပါးလေဆိုပြီး ပြုံးပြုံးမနေပါနှင့်၊၊နည်းနည်းလေးက ကြာတော့ စုပေါင်းများလာတက်ပါတယ်။ အကုသိုလ်နည်းနည်းက စိတ်ကို များများလေး မသိမသာ ဖျက်စီးတက်ပါတယ်။ အမှုမဲ့ အမှတ်မဲ့ စိတ်က မကောင်းတဲ့ဘက်ကို အမြဲရောက်ရှိသွားမှာဖြစ်ပါတယ်။ ပျက်အစဉ် ပြင်ခနဆိုသလို မိမိတို့၏ ညစ်နွမ်းပျက်စီးနေပါက လျင်မြန်စွာ ပြုပြင်ပြောင်းလဲပေးဖို့ လိုအပ်ပါသည်။
မိမိနှင့် သဘောချင်း မတိုက်ဆိုင်တိုင်း စိတ်အနှောက့်အယှက် ဖြစ်နေလျှင် လူ့ဘဝသည် စိတ်ပျက်ဖွယ်ရာ ၊ မပျော်ရွှင်စရာ ဖြစ်နေတော့မည်။ ထိုသို့ သောကတွေကို လက်သင့်ခံမိသော စိတ်သည် အလွန်ပူလောင်ပါသည်။ စိတ်အညစ်ကြေးများကို အနည်းငယ်ဟန့်တားနိုင်လျှင် အနည်းငယ် စိတ်ချမ်းသာမည်ဖြစ်ပြီး စိတ်အညစ်အကြေးများကို လုံးဝဟန့်တားနိုင်လျှင် အကုသိုလ်ကင်းရှင်းကာ စိတ်နှလုံးအေးချမ်းသာယာနိုင်မှာ ဖြစ်ပါသည်။
image

Credit Photo Facebook

ကောင်းမွန်သောစိတ်ထား (၂) | Ecency