ပတစ်ချို့ တွေ relationship တစ်ခုထဲကို အရမ်းနှစ်မြုပ်သွားပြီးတော့ တစ်ဖက်လူရဲ့ အရေးပါမှုတွေကို ပိုဦးစားပေးလာရပြီး ကိုယ့်ရဲ့ အရေးပါမှုတွေ ဆုံးရှုံးလာရတော့တယ်။ သူ့ ရဲ့ ဖြစ်တည်မှုနဲ့ ပျော်ရွှင်မှုက အရေးကြီးလာပြီး ကိုယ့်ရဲ့ ဖြစ်တည်မှုကို ပျောက်ဆုံးသွားရတယ်။
ဒီလိုနဲ့ ကိုယ့်ရဲ့ တန်ဖိုးဟာ တစ်ဖြည်းဖြည်းပျောက်ဆုံးလာရတော့တယ်… ကိုယ့်ရဲ့ စိတ်ခံစားမှုအားလုံးကို သူ့ ကို ပိုင်စိုးပိုင်နင်းနဲ့ ကြိုက်သလို ချယ်လည်ခွင့်ပေးလိုက်တယ်ဆိုတာမျိုးက အရမ်းကို မိုက်ရူးရဲဆန်လွန်းသွားပြီ။
မေအရမ်းမိုက်ခဲ့ဖူးပါတယ်။ အချစ်ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး မေ့ရဲ့ identity တစ်ခုလုံးကို ပစ်ပယ်လိုက်ဖူးတယ်။ ဒီလိုနဲ့ ကိုယ်ဟာ သူ့ ရဲ့ နယ်ရုပ်ကလေးတစ်ခုဖြစ်မှန်းမသိဖြစ်လာခဲ့ရတယ်။ ကြုံဖူးလား? သူတို့ ထားခဲ့တဲ့ အချိန်မှာ ကိုယ်က အရုပ်ကြိုးပြတ်ဖြစ်ကုန်ရော။ ဒါပေမယ့် ဒီအတွေ့ အကြုံတွေရဲ့ ရလဒ်ကတော့ အခုမေ့ရဲ့ attitude က မေ့ကို တန်ဖိုးမထားတဲ့ သူနားမှာ လုံးဝမနေဘူးဆိုတဲ့ attitude မျိုးပဲ။
ပယင်းအစစ်ဟာ အလင်းပေါက်ပြီး ပေါ့ပါးတာကြောင့် ဆားငံရည်မှာ ရေပေါ်ပေါ်နေနိုင်ပါသည်ည အခြားသော ကျောက်မျက်ရတနာတွေဖြစ်တဲ့ ကျောက်စိမ်း တာကွိုက်ဇ်တို့လို ကျောက်မျက်တွေဟာ အခန်းတွင်း အပူချိန်ထက် အနည်းငယ်အေးသော ဂုဏ်သတ္တိကိုရှိသော်လည်း ပယင်းမှာ လူ့အရေပြားနှင့် ထိတွေ့ပါက အနည်းငယ် ပူနွေးနေပါသည်။
အရက်ရဲ့ အရောင်ဖြစ်တဲ့ ဝါရွှေရွှေ အကြည်ရောင်ကို ပယင်းရောင်ရယ်လို့ တင်စားကြာတာ ကြားဖူးကြပေမယ့် ပယင်းမှာ နီညိုရောင် ၊ လိမ္မော်ရောင် ၊ အစိမ်း ၊ နှင်းဆီရောင် ၊ အဝါရောင် ၊ ခရမ်းရောင် ၊ အဖြူရောင်အထိ ရှိပြီး ရှားရှားပါးပါး ခရမ်းပြာရောင်အထိ တွေ့ရတတ်ပါသည်။
ဘောလ်တစ် ပင်လယ် ကမ်းခြေတစ်လျှောက်မှာ ပေါ့ပါးသော ပယင်းတွေကို ပင်လယ်ရေလှိုင်းများနှင့် ကမ်းခြေကိုရောက်ရှိလာတတ်ကာ ကမ်းစပ်တစ်လျောက်မှာ၎င်း ရေတိမ်းပိုင်းမှာ ရေငုတ်ပြီးသော၎င်း အလွယ်ရှာတွေ့နိုင်သည်။ ကမ်းခြေတစ်လျှောက် ပုံစံအမျိုးစုံ အရောင်မျိုးစုံနှင့် ပယင်းများကို အများအပြားတွေရတတ်ပြီး အပြာရောင် ပယင်းကို အထူးအရော
မြန်မာပြည်တွင် ထွက်ရှိသော ပယင်းမှာ အရည်အသွေးကောင်းပါက တစ်ကျပ်သားလျှင် တစ်သိန်းအထိ ဈေးရနိုင်ပြီး အထက်တွင် ဖော်ပြသကဲ့သို့ သစ်ကိုင်းများ အကောင်ပလောင်များ ပါဝင်ပါက ဈေးပိုရကြောင်း သိရသည်။ တစ်ချို့ကို ကျပ်သိန်း ၅၀ အထိ ပေးကြောင်းသိရသည်။ ရွှေရောင်ပယင်းမှာ ဈေးကွက်အတွင်း လူကြိုက်များပြီး တိုင်းရင်းသား အချို့မှာ ပယင်းကို ဝတ်ဆင်လေ့ရှိကြပါသည်။ တရုတ်လူမျိုးများဟာ သွေးလည်ပတ်မှု ကောင်းစေရန်၎င်း ကံကောင်းစေရန်၎င်း ပယင်းကို အဆောင်ကျောက်အဖြစ် ဝတ်ဆင်ကြသည်။ ပွဲလမ်းသဘင်များတွင် ချမ်းသာကြွယ်ဝသူများက ဂုဏ်သိက္ခာတစ်ရပ်အဖြစ် ပယင်းကို မီးရှိုတတ်ကြသည်။မြန်မာနိုင်ငံ၏ အဓိက ဝယ်လက်မှာ တရုတ် ထိုင်းနှင့် တိဘက် နိုင်ငံတို့ဖြစ်သည်။