နေ့ရက်တိုင်းဟာ Valentine

Words
73
Reading
1 min
9y
Listen to this post
~1 min

ဘေဘီရေ
ပထမဆုံး အခုလိုနေ့မျိုးမှာ အတူတူရှိနေမပေးနိုင်တဲ့အတွက် တောင်းပန်စကားဆိုပါရစေ....ဒါပေမယ့် ကိုကိုတို့နှစ်ယောက်အတွက်က နေ့ရက်တိုင်းဟာ valentine ပဲနော်။
အကြောင်းအမျိုးမျိုးကြောင့် အနားကို မလာရောက်နိုင်ခဲ့ပေမယ့် အဝေးကနေ လက်ဆောင်လေးတွေ ပို့ပေးဖို့ စီစဉ်ထားခဲ့တယ်။ ဒါပေမယ့် နေရာဒေသအပြောင်းအလဲဖြစ်သွားလို့ မပို့လိုက်ခဲ့ရဘူး။ ဒီထက်ပိုဆိုးတာက ဘေဘီ မော်လိုက်ကနေ မန္တလေးရောက်ပြီး ဆေးရုံတက်လိုက်ရတာပဲ။ အပြေးလာခဲ့ချင်ပေမယ့် လာခဲ့ဖို့ အဆင်မပြေခဲ့ဘူး ဖြစ်သွားတယ်။ ဒီစာလေးကနေပဲ ထပ်ပြီးတောင်းပန်ပါရစေနော်။ နားလည်ခွင့်လွှတ်ပေးပါလို့ မတောင်းဆိုရက်ပါဘူး။
ဆေးမှန်မှန်သောက် ပေးတဲ့အတိုင်းလည်းသောက်နော်။ အစားအသောက်လည်း ဂရုစိုက်။ မြန်မြန်နေကောင်းမှ အရင်လို ခရီးတွေထွက်နိုင်မှာ။ အားတင်းထားနော်။ ဘေဘီ့အနားကို အမြန်ဆုံး အရောက်လာခဲ့ပါ့မယ်။
အခုတော့ ဒီနေ့အတွက် ဘေဘီ့အကြိုက်လေးတွေ စီစဉ်ထားတယ်။ ကော်ဖီကြိုက်တတ်တဲ့ ဘေဘီအတွက် ကော်ဖီလေးရယ်။ ဒူးရင်းသီးကြိုက်တဲ့ ဘေဘီ့အတွက် ဒူးရင်းသီးမုန့်လေးရယ်။ အင်္ကျီလေးရယ်။ စိတ်ဆိုးတတ်တဲ့ ကလေးတစ်ယောက် စိတ်မဆိုးနဲ့နော်။
image
I love you so much 💓💓💓
I love you long life 💓💓💓
Forever & Together 💓💓💓

နေ့ရက်တိုင်းဟာ Valentine | Ecency