Change Management - 2

Words
188
Reading
1 min
Listen
Play
9y

အပြောင်းအလဲဟုဆိုရာတွင် ပြောင်းလဲခြင်း ၃ မျိုးရှိပါတယ်။
change_coaching.jpg

  1. Plan Change
  2. Natural Change
  3. Impose Change

changetheplanorsticktoit-e1435098382742-653x339.jpg
ပထမတစ်ခုကတော့ Plan Change လို့ခေါ်တဲ့ လိုချင်တဲ့အရာကို ပစ်မှတ်ထားပြီး စနစ်တကျရအောင် လုပ်ယူပြီး ပြောင်းလဲခြင်းပဲဖြစ်ပါတယ်။ မိမိဖာသာပြောင်းလဲချင်စိတ်ကြောင့် စနစ်တကျပြောင်းလဲရယူခြင်းပဲ ဖြစ်ပါတယ်။ Development is a plan change လို့ဆိုထားပါတယ်။
စနစ်တကျပြောင်းလဲတိုးတက်မှုဆိုရာတွင် ပထမဆုံးပြောင်းလဲမှုစတင်ရမည်က Personal Development ပါ။ တစ်ဦးခြင်းတိုးတက်မှုကို တည်ဆောက်နိုင်မှသာ အဖွဲ့လိုက်တိုးတက်မှု (Team Development) ကို ရရှိနိုင်မှာဖြစ်ပါတယ်။ ထိုမှတဆင့် အဖွဲ့အစည်းတစ်ခုလုံး (Organization Development) တိုးတက်လာမှာဖြစ်ပါတယ်။ အဲ့လိုတိုးတက်မှုကို ရရှိပြီဆိုရင် နိုင်ငံအလိုက်တိုးတက်မှု (National Development)၊ နောက်ဆုံးမှာတော့ မိမိတို့ရှင်သန်နေထိုင်ရာ Communication Development ကို ရရှိမှာဖြစ်ပါတယ်။ ထိုကဲ့သို့ စနစ်တကျ ပြောင်းလဲတိုးတက်လာမှု့ကို Plan Change လို့ခေါ်ပါတယ်။

poster-change-is-natural.jpg
ဒုတိယအနေနဲ့ကတော့ Natural Change ဖြစ်ပါတယ်။ ဒါကတော့ သူ့ဖာသာသူ ပြောင်းလဲချိန်တန်သဖြင့် ပြောင်းလဲခြင်းပဲဖြစ်ပါတယ်။ အနီးစပ်ဆုံးမြင်အောင်ပြောရရင် ဘယ်လောက်ချောမောလှပတဲ့သူပဲဖြစ်နေပါစေ ဇရာထောက်လာပြီဆိုရင် အိုကြရသလိုပင် ဖြစ်ပါတယ်။

1473880385827.jpg
နောက်ဆုံးတစ်ခုကတော့ Impose Change ဖြစ်ပါတယ်။ သူကတော့ မဖြစ်မနေ ပြောင်းလဲချိန်တန်လို့ကို ပြောင်းလဲရတာဖြစ်ပါတယ်။ မိမိက မပြောင်းချင်ပေမယ့်လည်း ပတ်ဝန်းကျင်ကြောင့် မဖြစ်မနေ လိုက်ပြီး ပြောင်းလဲရခြင်းဖြစ်ပါတယ်။ ပြင်ပကလာတဲ့ Pressure တွေ၊ forces တွေကြောင့် လိုက်ပြီး မဖြစ်မနေပြောင်းလဲရခြင်းဖြစ်သည်။

ပြောင်းလဲမှုသည် တစ်ခါတစ်ရံ အချိန်ပေါ်မူတည်သကဲ့သို့ တစ်ခါတစ်လေကြတော့ အမြန်နှုန်းပေါ်လည်း မူတည်နေပေသည်။ တဖြည်းဖြည်းခြင်း ပြောင်းလဲလာခြင်းကို Incremental Change ဟုခေါ်ပြီး ရုတ်တရက် အချိန်တိုအတွင်းမှာ အလျှင်အမြန်ပြောင်းလဲလာခြင်းကို Transformation/Quotn Change ဟု ခေါ်သည်။

iStock_000011408791XSmall2.jpg
Organization ပြောင်းလဲတာနဲ့ Environment ပြောင်းလဲတာ တစ်ထပ်တည်း ထပ်တူကြမှာ အောင်မြင်မှုကို ရရှိနိုင်မှာဖြစ်ပြီး ထိုကဲ့သို့ဖြစ်စဉ်ကို Strategic Fit ဟုခေါ်သည်။
Organization ပြောင်းလဲတာနဲ့ Environment ပြောင်းလဲတာ တစ်ထပ်တည်း ထပ်တူမကြခဲ့လျှင် Failure ဖြစ်ဖို့ ရာခိုင်နှုန်းများပြားမည်ဖြစ်သည်။ Strategic Drift ဖြစ်သည်ဟုခေါ်သည်။
ပတ်ဝန်းကျင်ပြောင်းလဲမှုကို လိုက်လံပြောင်းလဲရာမှာ မိမိတို့က ဖြေးဖြေးနှင့် နည်းနည်းခြင်းသာ ပြောင်းလဲနေပြီး အပြောင်းအလဲက မြန်လွန်းနေသောအခါတွင် လိုက်မမီဘဲဖြစ်နေတတ်သည်။ အချိန်ကြာလာသည်နှင့်အမျှ ကွာခြားမှုများပြားလာပါတယ်။ အဆိုပါအချိန်တွင် Transformation Change မလုပ်နိုင်လျှင် ဆုံးရှုံးမှုကို ရင်ဆိုင်ရပေမည်။

ပြောင်းလဲမှုကို ပြုလုပ်ဖို့အတွက် အကြောင်းပြချက်ခိုင်လုံမှသာ တစ်ခြားသူများမှ လိုက်လံပြောင်းလဲချင်စိတ်ရှိမည်ဖြစ်သည်။ များသောအားဖြင့် အပြောင်းအလဲမလုပ်လိုသူများသည် လက်ရှိတွင် ရာထူး၊ အာဏာ၊ ငွေကြေးပိုင်ဆိုင်ထားသူများ ဖြစ်ကြသည်။

Change_Management_Communicaiton_823x276.jpg
အောင်မြင်သောအပြောင်းအလဲဖြစ်ဖို့အတွက် ပြောင်းလဲမှုကို ဆန့်ကျင်တဲ့သူတွေကို ကျော်လွှားနိုင်ရပါမယ်။ မကျော်လွှားနိုင်ခဲ့လျှင် ခက်ခဲမှာဖြစ်ပါတယ်။ ပြောင်းလဲမှုတွေကို အကောင်းဆုံးစီမံခန့်ခွဲနိုင်ဖို့အတွက် CHANGE MANAGEMENT ကို အသုံးပြုလာကြခြင်းဖြစ်ပါတယ်။
ဆက်ပါဦးမည်.......


image
Writer - wailinn@wailinn
MSC - 144

အရင်ကရေးထားတဲ့ ပထမပိုင်းပါ
https://steemit.com/myanmar/@wailinn/change-management

Change Management - 2 | Ecency