နှလုံးသားပြတိုက်

waihinoo(9)
Published in
#esteem
Words
73
Reading
1 min
Listen
Play
9y

နှလုံးသားပြတိုက်

ဝင်လာကြည့်ပါခင်
မြင်သာသိမယ် တို့နှလုံးသားပြတိုက်
အမုန်းပွားမယ့် အမှိုက်တွေ စွန့်ပြီးသားကွယ်။

အမြင်ကပ်စရာ
ရင်ဘတ်မှာ ချစ်တယ်ဆိုတဲ့ စာတမ်းချိတ်ပြီး
စိတ်ကြီးလည်း မဝင်လို
ကြိတ်ပြီးလည်း သဝန်လည်း မတိုပါဘူးခင်
သူကြင်မှ ကိုယ်ကြင်
ငြိုငြင်ရင် ဟိုအရင်လို ငါ့အရုပ်လေးပြန်ပေး
အဲသလို ကလေးမဟုတ်ကြောင်း
တို့ပြတိုက်မှာ ကောင်းကောင်း လာကြည့်နိုင်ပါတယ်။

အဖြူရောင်သက်သက်
မြူတောင်မစွက်တဲ့ မေတ္တာတွေ
သစ္စာမြေမှာ ပန္နက်ခိုင်ကြည်လို့
တစ်သက်တိုင်တည်ဖို့ကြိုးစား
အဖိုးအစား မသားနား အခမထိုက်ချင်နေ
အခြားအခြားပြတိုက်တွေ ခင်ဝင်ပြေးပစေတော့
ဆင်ခြေလည်းမပေးပါဘူး
အထင်အမြင်သေးစရာလည်း တို့မမြင်
ကိုယ့်အကြင်နာ ကိုယ်သာထားတယ်
တို့နှလုံးသား ပြတိုက်ထဲ။

သြော် …
ကိုယ့်ပြတိုက်ထဲ ကိုယ်ဝင်
ကိုယ့်ကိုယ်ကို ပြန်မမြင်တဲ့ တို့
ဟန်ပြင်ဖို့လည်း တစ်ခါတစ်ခါမေ့တယ်
သဏ္ဍာန်ထင်ဖို့လည်း မကြာမကြာဝေ့လည်
အရာရာ ခင့်အတွက်သာ ဖြည့်လွယ်ခဲ့
တစ်ကွေ့ရယ်တဲ့ အကွာ
မေ့လွယ်တဲ့ အညာမလေးရဲ့ စွဲချက်
အသည်းထက်ကို ကွဲအက်အောင် ဟက်မတဲ့လား
ခင့်အမြက် အမုန်းပွား ခြကိုက်လို့နေပစေ
တို့နှလုံးသားပြတိုက်ကိုတော့ ထုဆစ်နေမြဲ ။ ။
Hart2.jpg

နှလုံးသားပြတိုက် | Ecency