ငါ ဟာ မင်းရဲ့ အမုန်းမဆုံးနိုင်တဲ့
ပင်လယ်ထဲမှာ စီးမျှောနေရတဲ့
လူတစ်ယောက်ပါ...
တစ်ခါလောက်တော့ မင်းရဲ့
အကြင်နာလေပြေလေး နည်းနည်းလောက်
ငါမှာခံစားခွင့်မရှိတော့ဘူးလား...
အခုလိုတော့ မင်းရှေ့ ဒူးထောက်နေရတဲ့
ငါ့ကို ကျေးဇူးပြုပြီး ခေါင်းငုံ့မပြုံးပြစမ်းပါနဲ့
ငါ့ မျက်လုံးတွေ ကမ္ဘာပြိုတဲ့ နေ့မှ
နင် ပြုံးပြုံးကြီး အောင်ပွဲခံမယ်ဆို
ငါ့ဘဝရဲ့ ရှင်သန်ရမယ့်
သက္ကရာဇ် လက်ကျန်များကို ငါ ကိုယ်တိုင်
အလွမ်းတွေနဲ့ ထုဆစ်ပြီး
နင် ပျော်ဖို့အတွက် လက်ဆောင်အဖြစ်
ငါ ပေးပါ့မယ် ချစ်သူ...
"၀န်ခံပါ"
ခါးသက်သက်အလွမ်းတစ်စက်ကို
ချိုမြိန်စွာ သောက်သုံးခဲ့ဖူးတယ်
လင်းလက်လက်အပြုံးတစ်ချက်နောက်
ရူးသွပ်စွာ လိုက်ပြုံးခဲ့ဖူးတယ်
မထူးဆန်းတဲ့ စကားပြောတွေအောက်
ရူးနှမ်းစွာ ကျရှုံးခဲ့ဖူးတယ်
ဟုတ်ပါတယ် နင်က ပိုချစ်ခဲ့သူပါ
နင့်အနားရှိခဲ့သမျှအချိန်တွေထဲ
ငါက ပိုခံစားခဲ့ရသူ ဆိုတာကိုတော့
နင်မငြင်းနဲ့ပေါ့ ကောင်လေးရယ်
"နင်သာ"
မာယာများတဲ့ လောကကြီးထဲ
အထာကျကျမနေတတ်ပေမယ့်
သာယာလှပတဲ့အချစ်လမ်းကိုတော့
ငါနင်နဲ့ တူတူလျှောက်ချင်တယ်
ဆူးခင်းလမ်းဖြစ်ပါစေ
မူးရစ်ဆဲနင့်စကားလုံးတွေကြောင့်
ကျူးရင့်လို့ဟစ်အော်လိုက်ချင်တာ
နင်သာ ငါ့ရဲ့ဆိုင်သူ ...လို့....
သက်သေတွေမပါလည်း
ရက်တွေသာကြာခဲ့ပါစေ
ဖက်တွယ်လို့ ထားမိခဲ့တာ
ပကာသနမဟုတ်ဘူး
နင့်ကိုပါ...ချစ်သူ......။
"လေလွင့်အလွမ်း"
ပျောက်သွားတဲ့ပစ္စည်းကို ပြန်ရှာတွေ့နိုင်တယ်
ပျက်သွားတဲ့ ယုံကြည်မှုကို
ပြန်တည်ဆောက်ဖို့ ခက်တယ်
ဝမ်းနည်းပက်လက် ရင်နင့်ပြီးမှ
ပေးခဲ့တဲ့အချိန်တွေအတွက် နောင်တရတတ်လာတယ်
လေညင်းလေးရဲ့ခေါ်ဆောင်ရာကို
ရနံ့တွေ စီးမျောကြေးဆို
လွမ်းမိတဲ့ ရင်ခွင်ကို
လေနီကြမ်းနဲ့ မျှောလိုက်ပါရစေ.....
"ငါနင့်ကိုမုန်းတယ် " အဲ့ဒီ့စကားက နင့်ရဲ့အယောင်ဆောင်အလွမ်းတွေထက်တော့
ဆယ်ဆမက ချိုလိမ့်မယ်....။