နေ့တိုင်းစာအုပ်တွေ

twomm(42)
Published in
#esteem
Words
301
Reading
2 min
8y
Listen to this post
~2 min

မိတ်ဆွေအပေါင်း နေတွေကောင်းကြပါစ။
နေကောင်း၊ ကျန်းမာ၊ စိတ်ချမ်းသာကြပါစေကြောင်း သားမောင်က ဆုတောင်းပေးပါသည်။
အလားတူစွာ သားမောင်သည်လည်း နေကောင်းနေ၏။
နေအကောင်းမှာ တောင်နှစ်လုံးတောင် တက်ပြလိုက်ရသေးသည်ပေါ့။
image
ယနေ့ မြန်မာ့တပ်မတော်က လေယာဉ်တစ်ဦး တောင်ငူအနီးမှာ ပျက်ကျသွားသည်။
ထိုသည့်အတွက် လေယာဉ်မှူးဖြစ်သူ ဗိုလ်မှူးတစ်ဦး ကျဆုံးသလား။
လေယာဉ်မှ ခုန်ထွက်နိုင်ခဲ့သော်ငြား လေထီးတစ်ဝက်သာ ပွင့်သည့်အတွက် သေဆုံးရရှာတာ ဖြစ်သည်။
လေယာဉ်အမျိုးအစားအရ F 7 အမျိုးအစား တိုက်လေယာဉ်ပေါ့။
ထိုဖြစ်စဉ်ဖြစ်အပြီး လေသူရဲအား တရွတ်တိုက်ဆွဲခေါ်သည့်ကိစ္စ အငြင်းပွားဖွယ် ဖြစ်နေလေသလား။
ငှက်တွေရပ်ကွက်နှင့် သူပုန်များရပ်ကွက်မှာ လက်ခုပ်တွေ တီးနေ၏။
နိုင်ငံတော်ကာကွယ်ရေးအတွက် လေ့ကျင့်ဆောင်ရွက်ရင်း ပျက်ကျတာတောင် ၀မ်းသာနေသူများ လူမှ ဟုတ်ကြပါစ။
ကျဆုံးလေသူရဲအား သားလေးမြတ်စွာ အလေးပြုလိုက်ပါသည်။

ရန်ကုန်မြေမှာ အသံတွေ ဝေေ၀စီစီ ကြားနေရပြန်၏။
အစဉ်အလာမပျက် ကွီးဖြိုးပါးစပ်ကထွက်တာမှန်သမျှ အကြီးကြီးတွေသာ ဖြစ်နေတတ်သလား။
ယနေ့ကုန်သည်စက်မှုအသင်းချုပ်မှာ ပြောသည့်စကားများအရ ရန်ကုန်သည် တစ်ဟုန်ထိုး တိုးတက်လာဦးမည်ဖြစ်သည်။
ရန်ကုန်အခြေပြုပြီး ကုန်စည်များစီးဆင်းနိုင်ရေး ပင်လယ်ဆိပ်ကမ်းမြို့ အဖြစ် ပုံဖော်ထုဆစ်မည်ဆိုသလား။
အစဉ်အလာအရ စင်္ကာပူကိုတော့ ထည့်ပြီး နှိုင်းယှဉ်ပြပြန်သေး၏။
အပြောများအရ ရန်ကုန်သည် အလုပ်အကိုင် ၂ သန်းအား မကြာမီကာလ ဖော်ထုတ်ပေးတော့မည်လို့လည်း ဆိုထားသေးသည်။
ဟဟဆိုပါက သူ့ကို လှောင်သည်ဆိုပြီး အတီးခံရနိုင်သည်ပေါ့။
ထိုသည့်အတွက်သားက ပြုံးပြုံးကြီးသာ ကြည့်နေမိပါသည်လေ။

ရခိုင်က လွှတ်တော်ရပ်ကွက်မှာ ယနေ့အဆိုတင်ဆွေးနွေးကြတာလည်း ကြားမိသေး၏။
လတ်တလောကာလမှာ သားရေကြိုးတစ်ပြားများကို ပြန်လက်ခံရေး အစိုးရမင်းများသာမက ကုလားသမဂ္ဂကပါ အားထည့်နေကြသည်။
ထိုသားရေကြိုးများ ပြန်လက်ခံရာမှာ နိုင်ငံသားဖြစ်သူများကိုသာ ပြန်လက်ခံရေး ဘူးသီးတောင်အမတ်မင်းက အဆိုတင်သည်ပေါ့။
အဆိုတင်တာမှ အရေးကြီးအဆိုအဖြစ် တင်ပြတာဖြစ်၏။
ထောက်ခံဆွေးနွေးချက်များအရ အေပြီလ ၅ ရက်နေ့မှာ ဆက်လက်ဆွေးနွေးမည်လို့ သိရသည်။
ရခိုင်လွှတ်တော်မှာ ငှက်တွေအင်အားမများတာ မဆိုးလှပါ။
အင်အားများနေပါက ရှုပ်ရှက်ခတ်နေအောင် လုပ်နိုင်သည်မဟုတ်လား။
သားရေကြိုးကိစ္စဆိုက ငှက်တွေ အဆီဗူးခါနေတတ်တာ
သိကြမည်သာ ထင်ပါသည်။

မန်းလွှတ်တော်ကသတင်းလဲ ထည့်ပြီးပြောကြပါစို့။
မနေ့ဆီက မန်းလွှတ်တော်မှာ တရားမ၀င်ဆေးကုသနေမှုများ ထိရောက်စွာအရေးယူပေးရန် အဆိုတင်သူကတင်၏။
အဆိုတင်ပြသည့်ဒေါက်တာကြီး မဲအခွဲမှာ ဟတ်ထိသွားသလား။
ထူးထွေသည့်အံ့ရာအဖြစ် အဆိုကိုမဲအခွဲမှာရှုံးနိမ့်သည်ပေါ့။
အမတ်မင်းအင်အားအရ ထက်ဝက်မကျော်သည့်အတွက် အဆိုမှာအတည်မပြုလိုက်နိုင်ပါ။
အမတ်မင်းအင်တာဗျုးအဖြေမှာ အစိုးရမင်းများဘက်က ငြိုငြင်နေတာ သားတို့သိကြရသည်။
အမတ်မင်းအဖြေစကားမှာ မဲ ၄ မဲပျောက်နေတာလည်းပြောသေး၏။
လေးချောင်းထောက် သောက်ကျင့်အရ အခုလိုပြည်သူ့အတွက် တင်ပြသည့် အမတ်မင်းအား ပါတီရင်ထိုးမဖော်ပြပါ။
လေ့လာကြည့်ကြစေလိုပါသည်။

မာမားပါတီရပ်ကွက်မှာ ဖြတ်ကနဲ အသံထွက်လာတာကြား၏။
လွန်လေသည့်ကာလ မုံရွာသားကြီးက ပြောရေးဆိုခွင့်ရအဖြစ် တာဝန်ယူခဲ့ဖူးတာ အများသိကြမည်ထင်ပါသည်။
ပြောရေးဆိုခွင့်ရပီပီ သမ္မတသစ်အတက်မှာ စကားတစ်ခွန်း ထပြောလေသလား။
အတိတ်က သမ္မတမင်းကြီးကို ရုပ်သေးသာဖြစ်သည်လို့ တည့်တည့်ကြီးနီးပါး သူသုံးသွားသည်ပေါ့။
ထိုသည့်အတွက် စကားပြောပြီးမကြာ အသစ်သောဖွဲ့စည်းပုံမှာကျ သူ့နာမည်ကို သားတို့မတွေ့ကြရတော့ပါ။
အရေးပါ၊ အရာရောက်မှုအရ ၆ ခါကြီးနဲ့ တန်းမတူဘူးထင်ပါသည်။
၆ ခါကြီးက အတွင်းသတင်းတွေ ရထားသည်မဟုတ်လား။
သဘောပါကြမည်ထင်ပါသည်။

မာမားပါတီဆိုမှ သတင်းတစ်ခုလည်း ကြားထားသေးသလား။
မကြာမီရက်ပိုင်းမှာ မာမားပါတီက ညီလာခံကြီးလုပ်တော့မည်တဲ့။
နိုင်ငံလုံးဆိုင်ရာ ဗဟိုလူငယ်ညီလာခံလို့ သားတို့ကြားသိရ၏။
ထူးခြားသည့်အရာအဖြစ် နေပြည်တော်က ကွန်ဗင်းရှင်းစင်တာ ၂ မှာ ပြုလုပ်ကြတာ ဖြစ်ပါသည်။
နိုင်ငံတစ်ဝှမ်းမှ ပါတီဝင်လူငယ်ကိုယ်စားလှယ်များ ပါဝင်တက်ရောက် သွားကြမည်လို့ ဆိုပြန်လေသလား။
ဆွေးနွေးချက်များအား အကျယ်တ၀န့်ဆိုသလို လုပ်သွားမည်ဖြစ်ပြီး ရှေ့ဆက်မည့် မူဝါဒများ ချမှတ်သွားမည်လို့လည်း ဆိုသေးသည်ပေါ့။
ထိုသည့်ကိစ္စအပေါ် စပွန်ဆာတွေ၊ ဘာတွေခေါ်ထားသေးသလား သွားမမေးကြပါနှင့်။
အနည်းဆုံးအဆင့် ဖေ့စဘုတ်လင့်ခ်ချပြီး ရီပို့လုပ်တာ ခံရနိုင်သည်။
သဘောမိကြသည် မဟုတ်လား။

ပါတီဆိုတာနှင့်ဆက်စပ်သည့်အရာ ထည့်ပြောပြချင်သေးသည်။
ကားနံပါတ်သာမက ဖုန်းနံပါတ်ပါ အလန်းဇယားကိုင်နိုင်သည့် ကျောင်းသားဆိုသူများ ပါတီထောင်ရန် ပြင်ဆင်နေတာသိကြသည်လား။
မူလပထမက ဂဏာန်းလေးလုံးပါတီအဖြစ် သူတို့အမည်ပေး၏။
ကန့်ကွက်သံအညံမှာ ပြည်သူ ဘာညာသာရကာစာသားအား ထပ်ဖြည့်ပြီး ကြိုးစားကြပြန်သည်ပေါ့။
အစည်းအဝေးဆုံးဖြတ်ချက်အရလို့တောင် ကြေညာသေးသည်လေ။
မနေ့ဆီကတော့ ထိုပါတီအမည်ကိစ္စ ပြည်ပရောက် ၈ လေးလုံး အင်အားစုဆိုသူများက ကန့်ကွက်ကြောင်းကြေညာသည်။
သမိုင်းဝင်တွေ၊ အုတ်ကျင်းဝင်တွေသုံးပြီး အကြီးကြီးတောင်ချဲ့ထား၏။
မြန်မာပြည်သားပီသစွာ နာမည်မှည့်ခေါ်တာကအစ အခုလိုကွဲကြ၊ ပြဲကြတာ သိပ်တော့ မထူးဆန်းလှပါပေါ့။

ယနေ့ရန်ကုန်မှာ မိုးတွေ ဗြောင်းဆန်နေအောင်ရွာ၏။
မိုးတင်သာမက လေပြင်းကပါ ၀င်ကူလိုက်သေးသည်လား။
မိုးအရွာ လေအတိုက်မှာ သစ်ပင်တွေ ပြိုလဲကျသည်တဲ့။
သစ်ပင်တွေ လဲကျမှုကြောင့် အစဉ်အလာမပျက် မီးပျက်ပြန်သည်။
သစ်ပင်အကျိုးမှာ ကံဆိုးသည့်ကားအချို့ပါ သစ်ကိုင်းတွေ ပိပြန်၏။
အဘတွေလက်ထက်က ချန်ခဲ့သည့်မိုး အခုမှအတိုးချရွာနေတာ သိပ်သိသာပါသည်။
နေပြည်တော်မှာလည်း လက်ကျန်မိုးနဲ့အကစ်မှာ ထီးတော်တောင် မြေခသွားသေးသည်ပေါ့။
ရှားရှားပါးပါး ဘုရားလေးတစ်ဆူထီးတင်ထားတာတောင် လိုက်ဖြုတ်ချသည့်အဘများ မမုန်းသင့်ဘူးလား။
ဤသည့်ကိစ္စ မရယ်ကြပါနှင့်။ အတည်ပြောတာ ဖြစ်ပါသည်။

ယနေ့အတွက် သတင်းမျှဝေတာ နားပါတော့မည်။
နောက်နေ့များမှာ ပြန်ဆုံကြမည်မဟုတ်လား။
အခုညတော့ နုတ်ဆက်လိုက်ပါသည်။
ကျေးဇူးတွေလည်း မနည်းတင်ပါသည်လေ။

နေ့တိုင်းစာအုပ်တွေ | Ecency