ပေါင်းသင်းဆက်ဆံမှု စာစု-၁
လူဟုသောအမျိုးဆိုတာ တစ်ယောက်ထဲနေလို့မရပါ။မိဘ၊ဆွေမျိုး၊ညီအကို ၊မောင်နှမ၊ပတ်ဝန်ကျင်စသော အသိုင်းအဝိုင်းတွေနဲ့နေရာကြသည်။ထိုအသိုင်းအဝိုင်းတွေကြာ ဒီအတိုင်းနေလို့မရပါ။ပြောဆိုတတ် ပေါင်းသင်တတ်မှာ လူပတ်ဝန်းကျင်တွင် အဆင်ပြေပြေနေနိင်ပါလိမ့်မည်။ကဲ့ ဒါဆို လူအမျိုးမျိုး စိတ်အထွေထွေရှိကြတဲ့ လူလောက ကမ္ဘာကြီးမှာ ကျွန်တော်တို့ဘယ်လိုပေါင်းသင်း ဆက်ဆံမှုတွေပြုကြမလဲ။ဘယ်လိုပုံစံနဲ့ပြောဆိုပေါင်းသင်းပြီး မိတ်ဆွေစစ်တွေကို ဘယ်လိုရှာကြမလဲ။စဉ်းစားစရာတွေအများကြီးဖြစ်လာပြီးနော်။သို့သော် လူတကာနှင့်အဆင်ပြေအောင် ပေါင်းသင်းဆက်ဆံဖို့ဆိုတာ တကယ်မလွယ်တဲ့ အရမ်းအရေးကြီးသော အကြောင်းအရာတစ်ခုဖြစ်လာတယ်။လူတွေက ပေါင်းသင်းဆက်ဆံကြတာ လွယ်တယ်လိုထင်ကြတယ်။တကယ်တမ်း ကိုယ်တိုင်ပေါင်းသင်းဆက်ဆံကြည့်ပါ။တကယ်မလွယ်တဲ့ကိစ္စပါ။လူအမျိုးမျိုး စိတ်ချင်တူအောင် နေထိုင်ဖို့ ခက်ခဲပါတယ်။နောက်လူချင်းတူသောလည်း အသက်ရှုခြင်းကွာခြားတယ်။
အသက်ရှုခြင်းတူသောလည်း မှုကတော့တူဖို့ခက်ပြန်တယ်။ဒါဆို ကျွန်တော်တို့က လူလောကထဲက လူဖြစ်တဲ့အတွက် ပေါင်းသင်းဆက်ဆံမှုဆိုတာ မရှိမဖြစ်လိုအပ်လာတာ အမှန်ပါဘဲ။သူတို့တွေနဲ့စိတ်ဓာတ်ချင်းတူရာစုပြီးပေါင်းသင်းကြတာရှိသလို စိတ်ချင်း အကျင့်ချင်းမတူဘဲ ပေါင်းသင်းတာကို တွေ့မြင်ရပြန်တယ်။သိုသော် ဘယ်လိုဘဲ ပေါင်းသင်းဆက်ဆံပါစေ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတွေ ရှိကာ ပေါင်းသင်းဆက်ဆံပြောဆိုတတ်ဖို့လိုတာပေါ့။ဒီအတိုင်း သွားပြီးပေါင်းသင်းဆက်ဆံဖို့ ဘယ်ဖြစ်မလဲနော်။လူထဲမှာ စိတ်ကောင်းရှိတဲ့သူရှိသလို ယုတ်မာတဲ့သူတွေရှိကြသည်။ဒါကြောင့် သူအကျသ့် သူစိတ်ဓာတ်တွေကိုကြည့်ပြီး ပေါင်းသင်းကြစို့။
({[ရှေ့ဝယ်သောအခါ၊တောဟေမာ၌၊ပညာမြော်မြင်၊ခါမျောက်ဆင်တို့၊ညောင်ပင်တစ်ခု၊သက်သေပြု၍၊ဂုဏဝုဍ္ဎာ၊ပစာယန၊ကျင့်ကုန်ကြကြောင့်၊လူမျှမတန်၊တိရိစ္ဆာန်လျက် ၊နတ်ထံမုချ၊ရောက်ကုန်ကြ၏။]})
ထိုနီတိလာ စာသားလေးကိုကြည့်ခြင်းဖြင့်
ဟိုးရှေ့အခါက ဟိမဝန္တာတော၌ ဆင် ၊မျောက်၊ခါ စသော အပေါင်းအဖော် ၃ကောင်ဟာ ညောင်ပင်ကြီးတစ်ပင်တွင် အမှီသဟဲပြုကြလေသည်။သူတို့၃ကောင်ဟာ သက်ကြီးသူက သက်ငယ်သူကို ရိုသေလေးစားပြီး သက်ငယ်သူကလည်း သက်ကြီးသူကို ချစ်ခင်ပြီးတစ်ဦးနဲ့တစ်ဦး နားလည်မှုတွေနဲ့ ပေါင်းသင်းဆက်ဆံကြပါသည်။သူတို့တွေဟာ တစ်ဦးနဲ့တစ်ဦးမိတ်ဆွေကောင်းတွေဖြစ်ကာ သေလွန်လေသောအခါ၌ နတ်ပြည်မှု အတူတကွ စံမြန်းကြလေသည်။ဒါကိုကြည့်ခြင်းဖြင့် မိတ်ဆွေကောင်း အပေါင်းအသင်းကောင်းရင် နတ်ပြည်ကိုအတူတကွစံစားနိင်ကြောင်း တွေမြင်ရသည်။ဒါကြောင်း စာဖတ်သူအပေါင်းတို့လည်း ပေါင်းသင်းဆက်ဆံတတ်ကြပါစေ။
အစဉ်ကြိုးစားလျက်
Author tunnaingwin
28.1.2018/16:10pm