လူငယ်များ၏ အနာဂတ်အားသုံးသပ်ခြင်း အပိုင်း ၁။

Words
166
Reading
1 min
Listen
Play
9y

မင်္ဂလာပါခင်ဗျ။STEEMIT ပေါ်မှာကြိုးစားနေကြသော မြန်မာလူမျိုးများ
နှင့်တကွ လာရောက်လည်ပတ်သူအများ လုပ်ငန်းတွေအဆင်ပြေကြပါစေ၊
စီးပွားတွေတိုးတက်ကြပါစေလို့  ဆုတောင်းအပ်ပါတယ်။ယခုရေးသားထားသော
အကြောင်းအရာများသည် စာရေးသူ၏ 19;2;2018 အချိန်ထိဖြတ်သန်းခဲ့သော
၃၂ နှစ်တာကာလ အတွင်း လုပ်ငန်းအတွေ့ 
့အကြုံများ ၊ဗဟုသုတများနှင့် ပေါင်းစပ်ကာလက်ရှိ မြန်မာလူငယ်များ၏
လွဲမှားနေသော အယူအဆများကိုသုံးသပ်ထားခြင်းသာ ဖြစ်ပါသည်။ထို့ကြောင့်
စကားအမှားများပါလာခဲ့ပါက အောင်မြင်တိုးတက်စေလိုသည့် စေတနာဖြင့်သာ
ရေးသားထားခြင်းဖြစ်ပါကြောင်း ကြိုတင်တောင်းပန်ပါရစေခင်ဗျ။🙏
ယခုကျနော်တို့မြန်မာလူငယ် အများစုဟာ
လေ့လာလိုသည့်စိတ်၊ ကြိုးစားလိုသည့်စိတ်၊ တီထွင်ဖန်တီးလိုစိတ်တွေ
အလွန်နည်းပါးနေ ကြပါတယ်။အမှန်တရား အားဝေဖန်ရခြင်းဖြစ်သော်လဲ
မကောင်းသည့်အကြောင်းအရာ ကိုဝေဖန်သုံးသပ်ရခြင်းဖြစ်သည့် အတွက်စိတ်မ
ကောင်းစွာနဲ့ ပဲအများမြင်သာသည့်STEEMITပေါ်မှာဒီပိုစ့်ကို ရေးသားအပ်ပါတယ်။
လူတဦးတယောက်ချင်းစီရဲ့ လေ့လာလိုစိတ်၊ ကြိုးစားလိုစိတ်ဟာ မိသားစုတစု ၊
လူမျိုးနွယ်စုတခုကနေ နိုင်ငံတနိုင်ငံလုံး တကမ္ဘာလုံးအထိတောင် ပြောင်းလဲအောင်
လုပ်ဆောင်နိုင်တယ်ဆိုတာ ကျနော်တို့ လူမျိုးတွေမယုံကြည်ကြ လို့ လား??😞
စာရေးသူသည် ယခုအချိန်တွင်အသက် ၃၂ နှစ်ကျော်ပြီဖြစ်ပြီး မြန်မာနိုင်ငံအတွင်း
တွင်သာမက ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံတို့ တွင်ပါ သွားရောက်အလုပ်လုပ်ကိုင်ဖူး၏။
သွားလေရာလူချစ်လူခင်များပြီး ကောင်းနိုးရာရာလုပ်ငန်းပေါင်းစုံ ပြောင်းလဲကာ
နေရာဒေသဗဟုသုတ၊ လုပ်ငန်းအတွေ့အကြုံတို့ကို သင်ယူဖူးပါတယ်။
လူမျိုးပေါင်းစုံတို့၏ ပင်ကိုယ် စိတ်နေစိတ်ထားမှအစ ထိုသူတို့၏ မိသားစုအပေါ်ထား
သည့်စိတ်ဓာတ် နိုင်ငံအပေါ်ထားသည့်စိတ်ဓာတ်တိုင်အောင် ရင်းရင်းနှီးနှီးပြောဆို
ဆွေးနွေးဖူး၏၊။သူဌေးများနှင့်လဲမိသားစု သဖွယ်ပေါင်းသင်းဆက်ဆံဖူးခဲ့သလို
သူတောင်းစားနီးနီးဆင်းရဲ သူများနှင့်လဲ ထမင်းအတူစားခဲ့ဖူး၏၊။
လုပ်ငန်းရှင်အတော် များများမှာလဲတရုတ်လူမျိုးများနှင့်သာလုပ်ကိုင်ဖူးခဲ့ပြီး
တရုတ်လူမျိုးတို့၏ စည်းကမ်းကြီးပုံ ၊အလုပ်အပေါ်တန်ဖိုးထားပုံတို့မှာအလွန်လေးစား
အတုယူဖွယ်ဖြစ်၏။အလုပ်ချိန်အတွင်း တွင်သာမကအိမ်ပြန်ရောက်ပြီး အိပ်သည့်တိုင်
မိမိလုပ်ငန်းတိုးတက်ရာ ကိုသာတွေးတောနေတတ်ကြ၏၊။လုပ်ငန်းတခုကို အောင်မြင်
လာလျှင်ထပ်မံတိုးချဲ့တတ်ပြီး လုပ်ငန်းအသစ်များကိုနေရာဒေသ အသစ်များတွင်
ထပ်မံတိုးချဲ့ကြ၏။ထို့ကြောင့်လဲ အရှေ့တောင်အာရှတွင်သာမက နိုင်ငံတကာတွင်
တရုတ်လူမျိုးတို့သည် လုပ်ငန်းရှင်အဖြစ်နှင့်သာ ရပ်တည်နေပြီး ကမ္ဘာ့ အလယ်တွင်
မော်ကြွားနိုင်ခြင်းဖြစ်ပေလိမ့်မည်။ဆိုလိုသည်မှာကား နိုင်ငံ့ခေါင်းဆောင်များ ၊နိုင်ငံ
ရေးအခြေအနေများဆိုးဝါးစွာကြုံတွေ့ ခဲ့သော်လဲ တရုတ်လူမျိုးတဦးတယောက်ချင်း
စီ၏ ကြိုးစားမှုမှသည် ကမ္ဘာ့ အလယ်မှာတရုတ်လူမျိုးများအားလုံး မော်ကြွားနိုင်ခြင်း
ပင်ဖြစ်ပေသည်။ဆက်လက်ရေးသားပါဦးမည်။🙏

၂၉.jpg

လူငယ်များ၏ အနာဂတ်အားသုံးသပ်ခြင်း အပိုင်း ၁။ | Ecency