AI ဆိုတာက ကြီးမားတဲ့ field တစ်ခုဖြစ်ပါတယ်. AI အောက်မှာ philosophy, linguistic, computer science, machine learning, computer vision, voice recognition, NLP, statistics, automation စသဖြင့် field တွေအများကြီး ထပ်ပါပါသေးတယ်..
တစ်ကယ်က facebook ကစာတွေကို classification ခွဲဖို့က AI တောင်မလိုပါဘူး.. machine learning လော
က်နဲ့တင်အလုပ်ဖြစ်ပါတယ်.. Machine learning ထဲက ခုအသုံးအရမ်းများနေတဲ့ neural network အကြောင်းကိုနဲနဲရှင်းပြချင်ပါတယ်.. neural ဆိုတာ နာဗ့်ကြောတွေကိုပြောတာပါ. Neural network ဆိုတာ နာဗ့်ကြောစနစ်ကို တုပထားတဲ့ ကွန်ပြူတာ စနစ်တစ်ခုပါဘဲ..
ကျွန်တော် တို့ခံစားသိမြင်သမျှဟာလဲ နာ့ဗ်ကြောတွေရဲ့ တုံ့ပြန်မှုပါဘဲ.. သူက သာမန် computer program တွေလို data တွေကိုတစ်ခုနဲ့တစ်ခုတိုက်စစ်ပြီး classification လုပ်တာမျိုးမဟုတ်ပါဘူး.. ပုလင်းတစ်လုံးထဲကို ဆီနဲ့ ရေထဲ့လိုက်ရင် ဆီကအပေါ်ရေကအောက် သက်သက်ဆီရှိနေပါတယ်.. ဒါက weight ကြောင့်ပါ.. ဆန်နဲ့ စပါးလုံးကို ဇကောထဲ ထည့်ဝိုင်းတဲ့အခါ ဆန်ကအောက် စပါးလုံးကအပေါ် တက်လာတာလဲ weight နဲ့ ကြိမ်ဖန်များစွာ လှုပ်ရှားမှုကြောင့်ပါဘဲ..