ဒုတိယ

toplife(40)
Published in
#esteem
Words
69
Reading
1 min
Listen
Play
8y

ကိုလိုနီခေတ်တစ်လျှောက် အတွင်းဝန်ရုံးအဖြစ် ဖွင့်လှစ်ခဲ့ကာ စစ်ကြီးအပြီး တိုင်းပြုပြည်ပြု လွှတ်တော်ခေတ်မှာ ၀န်ကြီးများရုံးအဖြစ် သတ်မှတ်ခဲ့တာပါ။(၃) ဧမာနွေလဘုရားကျောင်း (Immanuel Baptist Church) ဟာ ရန်ကုန်မြို့ရဲ့ ရှေးအကျဆုံးလည်း နှစ်ခြင်းကျောင်းလည်း ဖြစ်ပါတယ်။
image
မူရင်း အဆောက်အအုံက ဘုရားကျောင်းရဲ့ အနောက်ခြမ်းဖြစ်ပြီး မဟာဗန္ဓုလလမ်းဘက်ကို မျက်နှာမူထားပါတယ်။ ၁၈၈၅ ခုနှစ်ကတည်းက တည်ဆောက်ခဲ့ပြီး ဆရာတော်ယုဒဿန် ဦးဆောင်ပါဝင် အမေရိကန်မစ်ရှင်အဖွဲ့က ကြီးမှူးခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း စစ်ဘေးဒဏ်ကြောင့် အဆောက်အအုံဟောင်း ထိခိုက်ပျက်စီးခဲ့ရာ ဆူးလေဘုရားဘက်ကို မျက်နှာမူထားတဲ့ လက်ရှိအဆောက်အအုံသစ်ကို ၁၉၅၂ ခုနှစ်က ပြန်လည် တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။
တရားရုံးချုပ်ဟောင်း (High Court Building) အဆောက်အအုံကတော့ ရန်ကုန်မြို့ရဲ့ ကိုလိုနီခေတ် လက်ရာတွေထဲက အထင်ကရတစ်ခုပါ။ ၂၀၀၆ ခုနှစ်မတိုင်မီအထိ မြန်မာနိုင်ငံတော် တရားရုံးချုပ်အဖြစ် အသုံးပြုခဲ့ပါတယ်။ဒီအဆောက်အအုံကြီးကို ဒီဇိုင်းရေးဆွဲပေးခဲ့တာကတော့ ဗိသုကာ James Ransome ဆိုသူ ဖြစ်ကာ ၁၉၀၅ ခုနှစ်က စတင် ဆောက်လုပ်ခဲ့ပြီး ၁၉၁၁ ခုနှစ်မှာ ပြီးစီးခဲ့ပါတယ်။

ဒုတိယ | Ecency