ရခိုင်က အိမ်ထောင်စုအချို့ ရန်ကုန်ရွှေ့ခွင့်ပြုတဲ့ကိစ္စ ပြန်သုံးသပ်ဖို့တိုက်တွန်းအဆိမှတ်တမ်းထားရှိ
နေပြည်တော်၊ မတ် ၁၄ - ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းက အိမ်ထောင်စုတွေကို ရန်ကုန်ကိုပြောင်းရွှေ့ခွင့်ပြုခဲ့တဲ့အပေါ် ပြန်လည်သုံးသပ်ဖို့ အစိုးရကိုတိုက်တွန်းတဲ့အဆိုက တိုင်းရင်းသားစည်းလုံးညီညွှတ် ရေးကို ပျက်ပြားစေနိုင်တယ်လို့ ကိုယ်စားလှယ်တွေကဝေဖန်ပါတယ်။
၂၀၁၇ ခုနှစ်၊ ဇူလိုင်လက လုံခြုံရေးအခြေအနေအရ ရခိုင်ပြည်နယ် ကျောက်ဖြူ၊ ပေါက်တော၊ ရမ်းဗြဲမြို့နယ်တွေရှိ ဒုက္ခသည်စခန်း သုံးခုက အိမ်ထောင်စ ၅၅ စုကို ရန်ကုန်မြို့ကို ပြောင်းရွှေ့ခွင့်ပြုခဲ့တဲ့အပေါ် ပြန်လည်သုံးသပ်ဖို့ ပြည်ထောင်စုအစိုးရကိုတိုက်တွန်းတဲ့ အဆိုကိုမင်းကင်းမဲဆန္ဒနယ်က ဦးမောင်မြင့်က ပြည်သူ့လွှတ်တော်မှာတင်သွင်းပါတယ်။
သည်အဆိုကို လွှတ်တော်ကိုယ်စားလှယ် ၁၈ ဦးကဆွေးနွေးခဲ့ပြီး ရွှေ့ပြောင်းခဲ့တဲ့အိမ်ထောင်စုတွေက ကမန်တိုင်းရင်းသားတွေဖြစ်တာကြောင့် တိုင်းရင်းသားအခွင့်အရေးအရ ရွှေ့ပြောင်းနေထိုင်ခွင့်ပြုသင့် တယ်လို့ အများစုကဆွေးနွေးကြပါတယ်။
မြစ်ကြီးနား မဲဆန္ဒနယ်က ဦးအင်ထုံးခါးနော်ဆမ်က အခုကျမှဆွေးနွေးတာ ဘာသဘောလဲဆိုတဲ့ ဟာကိုမေးလိုက်တယ်၊ မေးပြီးမှ အခုမှဒီလိုဖြစ်တယ်ဆို တဲ့အခါကျတော့ အစီအစဉ်တစ်ခုခုများ၊ အကြံကောင်း တစ်ခုခုများရှိနေမလားဆိုတဲ့ သုံးသပ်ချက်ကိုလဲ ဖြည့်ပြောပေးလိုက်တယ်လို့ ပြောပါတယ်။
အစိုးရအနေနဲ့ ရခိုင်ပြည်နယ်မှာဖြစ်ပေါ်ခဲ့တဲ့ ပြဿနာတွေကို ဂရုတစိုက်လုပ်ကိုင်နေရပြီး နိုင်ငံတကာနဲ့ OIC အဖွဲ့ဝင် နိုင်ငံတွေကလည်း ဖိအားပေးမှုတွေရှိနေပါတယ်။
< ဆက်လက်ဖက်ရှုပါရန်>