ပညာမတတ်ပဲ ပညာရှိအယောင်မဆောင်ပါနဲ့။
တကယ်ပညာတတ်နဲ့ တွေ့တဲ့အခါ
မိမိဆွံ့အသွားတတ်တယ်။
ပိုက်ဆံမချမ်းသာပဲ သူဌေးအယောင်မဆောင်ပါနဲ့။
တကယ်ပြည့်စုံကြွယ်ဝသူနဲ့ တွေ့တဲ့အခါ
မိမိမျက်နှာငယ်ရတတ်တယ်။
photo google
ဘာမှ လေ့လာမှုမရှိပဲ လူတတ်ကြီးမလုပ်ပါနဲ့။
ထိထိမိမိချပြနိုင်တဲ့လူနဲ့တွေ့ရင်
မိမိလူပေါကြီး ဖြစ်သွားတတ်လို့ပါ။
မကျွမ်းကျင်သေးတဲ့ ပညာရပ်တစ်ခုကို
တတ်ရောင်ကန်းမလုပ်ပါနဲ့။
တကယ်ကျွမ်းကျင်တတ်မြောက်တဲ့လူနဲ့တွေ့ရင်
မိမိအလကားလူဆိုတာ ဖော်ပြသလိုဖြစ်သွားတတ်တယ်။
photo google
မစူးဆန်းမဆင်ခြင်ပဲ စကားကို ပြီးစလွယ်မပြောပါနဲ့။
စကားပြောအတတ်ပညာရှင်နဲ့တွေ့တဲ့အခါ
မိမိစကားနဲ့ မိမိပြန်အရိုက်ခံရတတ်လို့ပါ။