သူငယ်ချင်း ရေ.....
ဘဝမှာ မကင်းနိုင်တဲ့ ဒဏ်ရာတွေရတိုင်း မငိုကြွေးမိပါစေနဲ့
ပြန်ပြင်မရတဲ့ အမှားတွေက ကိုယ်အတွက်အမြတ်ကျန်အောင် ပြင်ဆင်သင့်တာတွေကို ကိုယ်တိုင်ပြင်ဆင်ပြီး
ရယူသင့်တာကို အရယူနိုင်ရမယ်
အမှားတွေသာမရှိခဲ့ရင် အမှန်ဆိုတာ ဘယ်တော့မှ
မသိလာနိုင်ဘူး အရှံုးုထဲက သင်ခန်းစာတွေရသလောက်ယူဖို့မမေ့ပါနဲ့ နော်....
Photo google
သူငယ်ချင်းရေ......
ဘဝမှာ ကျဆံုးလှဲပြိုရတိုင်း အားမလျော့ပါနဲ့
အောင်မြင်မှုဆိုတာ လွယ်လွယ်နဲ့မရနိုင်ဘူးလေ
အောင်မြင်ဖို့အတွက် ကျဆံုးမှုတွေကို စတေးရတတ်တယ်ဆိုတာ မှတ်ထားပါနော်....
သူငယ်ချင်းရေ
ဘဝမှာ ကြံုခဲ့တဲ့ အတိတ်ကနောင်တတွေကိုပြန်ပြီး
ထွေးပွေ့ထားဖို့မကြိုးစားပါနဲ့
မေ့မရတဲ့ အတိတ်ဆိုတာ လူတိုင်းမှာရှိတတ်ပါတယ်
ဒါပေမဲ့ အတိတ်ကကောင်းခြင်း ဆိုးခြင်းတွေက
ကိုယ်ရဲ့.အနာဂတ်စာမျက်နာတွေကို တိုက်ရိုက်
အကျိျးသက်ရောက်မှု မရှိဘူးဆိုတာ
ယံုကြည်ထားပါ နော်....
သူငယ်ချင်းရေ.....
လှဲကျတဲ့အခါပြန်ထပါ ငှက်တစ်ကောင်ရဲ့
တောင်ပံတစ်စံုဟာ ဘယ်လောက်မြင့်မြင့်ပျံသန်းနိုင်သလဲအတွက် အရေးမပါဘူး သူလိုရာခရီးကိုပျံသန်းနိုင်ဖို့ဘဲ
အရေးကြီးတာပါ”
လူတစ်ယောက်ဟာလည်း သူဘယ်လောက်ကျရှံုးုတယ်ဆိုကို တိုင်းတာတာမဟုတ်ပါဘူး သူဘယ်လောက်လုပ်နိုင်စွမ်း ရှိသလဲဆိုတဲ့အပေါ်ဘဲမှုတည်တာပါ....
Photo google
သူငယ်ချင်းရေ......
ဘဝဆိုတာ တိုက်ပဲွလို့ဘဲ တစ်ချိျ့အရာတွေကို စတေးရဲမှ
အောင်မြင်မှု ပန်းတိုင်ကိုရောက်တတ်တာ
လမင်းကြီးနဲ့ လဲွလို့ ငိုနေသမျှတော့
ကြယ်တာရာတွေနဲ့ပါ လဲွချော်ရအံုးမှာပါ
ရှံးုဆံုးသွားနဲ့ နောက်ပြန် နေ့ရက်တွေထက်
ကိုယ်ပိုင်ဆိုင်ထားတဲ့ လက်ရှိအချိန်ကိုသာ
အကောင်းဆံုးပံုဖော်ကြိုးစားခဲ့မယ်ဆိုရင်
နေ့ရက်တိုင်းက ပို၍လှသောမနက်ဖြန် ဖြစ်စေမှာပါ....