လူ့ဘဝရဲ့ အနာကျင်ဆုံးဆိုတာ ကိုယ်ချစ်တဲ့လူကို မပိုင်ဆိုင်ရတာ မဟုတ်ဘူး။
ကိုယ်ချစ်တဲ့လူကို ပျော်ရွှင်မှု မပေးနိုင်တာဖြစ်တယ်။လူ့ဘဝရဲ့ အကြည်နူးဆုံးဆိုတာ ပန်းစည်းတစ်စည်းကို ရလိုက်တာ မဟုတ်ဘူး။ ပန်းစည်းတွေကြားထဲ အမြဲတမ်းနေရတာဖြစ်တယ်။
photo google
လူ့ဘဝရဲ့အပျော်ရွှင်ဆုံးဆိုတာ တခြားလူက ကိုယ့်ကိုပေးတဲ့ အပျော်ကြောင့်မဟုတ်ဘူး။ ကိုယ်က တခြားလူကိုပေးတဲ့ အပျော်ကြောင့်ဖြစ်တယ်။
လူ့ဘဝရဲ့ အချမ်းသာဆုံးဆိုတာ ရွှေတောင်ကြီးတစ်တောင် ပိုင်ဆိုင်ထားတာ မဟုတ်ဘူး။
ရွှေတောင်ကြီးနဲ့ ဝယ်ယူလို့မရနိုင်တဲ့အရာကို ကိုယ်ပိုင်ဆိုင်ထားတာဖြစ်တယ်။ကိုယ့်ကိုယ် ဘယ်လောက်ကောင်းကြောင်း မပြောပါနဲ့။
လူတွေ အလွယ်တကူ မယုံတတ်လို့ပါ။
ကိုယ့်ကိုယ် ဘယ်လောက်ဆိုးကြောင်း မပြောပါနဲ့။ လူတွေ အလွယ်တကူ ယုံတတ်လို့ပါ။
photo google
အတင်းတွေကြားမှာ တချို့က ပါးစပ်ကိုသုံးတယ်။ ကျွန်တော်က နားကိုသုံးတယ်။
ကံမကောင်းခြင်း ဆိုတာ စာရင်းသွင်းစရာမလိုဘဲ လူတိုင်းတက်ရတဲ့ကျောင်းဖြစ်တယ်။
ဒီကျောင်းကို အောင်နိုင်သူဟာ သန်မာထက်မြက်သူဖြစ်တယ်။