စာစုလေးများ ၁

tnay(43)
Published in
#esteem
Words
58
Reading
1 min
Listen
Play
8y
  • လူ့တစ်သက်မှာ ဝှက်ထားလို့မရတဲ့အရာ သုံးမျိုးရှိတယ်။
    ချောင်းဆိုးတာ၊ ဆင်းရဲတာနဲ့ ချစ်တာဖြစ်တယ်။ ဝှက်ထားချင်လေလေ ပေါ်လေလေပါပဲ။

  • လူ့တစ်သက်မှာ မဖြုန်းတီးသင့်တဲ့အရာ သုံးမျိုးရှိတယ်။
    ခန္ဓာကိုယ်၊ ငွေကြေးနဲ့ အချစ်ဖြစ်တယ်။ ဖြုန်းတီးလေ အကျိုးမရလေဖြစ်တယ်။

image
google

  • လူ့တစ်သက်မှာ မြဲမြဲစွဲထားလို့မရတဲ့အရာ သုံးမျိုးရှိတယ်။
    အသက်၊ အချိန်နဲ့ အချစ်ဖြစ်တယ်။ အဲဒီအရာသုံးမျိုးကို မြဲမြဲစွဲထားချင်လေ ဝေး,ဝေးသွားလေဖြစ်တယ်။

  • လူ့တစ်သက်မှာ လွမ်းဆွတ်းတမ်းတမသင့်တဲ့အရာ သုံးမျိုးရှိတယ်။
    ဘေးအန္တရာယ်၊ သေဆုံးခြင်းနဲ့ အချစ်ဖြစ်တယ်။ အဲဒီအရာသုံးမျိုးကို လွမ်းဆွတ်လေ ဆင်းရဲပင်ပန်းကြီးလေဖြစ်တယ်။

  • လူ့ဘဝရဲ့ ဝမ်းနည်းကြေကွဲစရာ အကောင်းဆုံးဆိုတာ မနေ့က ဆုံးရှုံးခဲ့တဲ့အရာ သိပ်များနေလို့မဟုတ်ဘူး။
    မနေ့က ဆုံးရှုံးခဲ့တဲ့အရာထဲကနေ နလန်မထူနိုင်တာဖြစ်တယ်။

image
google

  • လူ့ဘဝရဲ့ တုံး,အဆုံးဆိုတာ မျက်စိရှေ့က ထောင်ချောက်ကို မမြင်တာမဟုတ်ဘဲ အဲဒီထောက်ချောက်ထဲ ဒုတိယအကြိမ် လဲကျတာဖြစ်တယ်။

  • လူ့ဘဝရဲ့အထီးကျန်ဆုံးဆိုတာ စောင့်နေတဲ့လူ မလာသေးတာမဟုတ်ဘူး။
    နှလုံးသားထဲကနေ ဒီလူထွက်သွားတာဖြစ်တယ်။

စာစုလေးများ ၁ | Ecency