ဖြတ်​​ကျော်​ခြင်​း

tnay(43)
Published in
#esteem
Words
189
Reading
1 min
Listen
Play
8y

သင့်ဘဝမှာ သင်ဘာဖြစ်ချင်တယ်ဆိုတာ အရေးကြီးတယ်။ အဲ့လိုမှ မသိခဲ့ဘူးဆိုရင် သင်ဟာ သင်ဘဝကို ပျင်းရိငြီးငွေ့စွာ ဖြတ်သန်းရလိမ့်မယ်။

ဘဝဆိုတာ တိုတောင်းတယ်။ အနာဂတ်ဆိုတာ ကြိုမမြင်နိုင်ဘူး။ သင့် အနာဂတ်မှာ စိုးရိမ်စရာ တခုခု ရှိလာရင် ဘယ်ဘက်ရင်ဘတ်ပေါ် လက်တင်ပြီး အာ့လီဇဘယ်(အဆင်ပြေသွားမှာပါ) ဆိုပြီး ကိုယ့်ကိုကိုယ် နှစ်သိမ့်ပါ။ ဒီလို ပြုလုပ်ခြင်းဟာ မမြင်နိုင်တဲ့ သင့်ရဲ့ အနာဂတ်ပြသနာကို ဖြေရှင်းပေးနိုင်မှာ မဟုတ်ပေမယ့် သင့်ရဲ့ လက်ရှိအချိန်ကို သက်တောင့်သက်သာနဲ့ အကောင်းဆံုး ဖြတ်သန်းနိုင်အောင် ကူညီပေးလိမ့်မယ်။

image
Google

သင်ဟာ ပညာသင်ဖို့ ကျောင်းကို ရောက်လာတာပါ။ ဘွဲ့ယူဖို့ သက်သက် မဟုတ်ပါဘူး။ စာမေးပွဲမှာ အမှတ်ကောင်းဖို့ရာ၊ ဘွဲ့ရဖို့ရာတွေပဲ အရမ်း အာရုံမစိုက်ပါနဲ့။ သင်ယူစရာတွေကို ပြည့်ပြည့်ဝဝ သင်ယူပါ။ တကယ့် အလုပ်ခွင်ထဲ ရောက်တဲ့အခါ သင့်ရဲ့ ဘွဲ့လက်မှတ်တွေက သင့်အရည်အချင်းလောက် အရေးမပါတာ တွေ့လိမ့်မယ်။

သင်ရိုးညွှန်းတန်း တချို့က မှားယွင်းနေတယ်… what is a computer? လို့ မေးလာရင် ဘာဖြေမလဲ… Computer ဆိုတာ ကျွန်တော်တို့ သိပြီးသားပါ… A computer is a computer ပဲပေါ့ ဒါပေမယ့် computer ဆိုတဲ့ အကျယ်ချဲ့ထားတဲ့ definition ကို ပျင်းရိငြီးငွေ့စွာ ကျက်မှတ်ရင်း ကျွန်တော်တို့ အချိန်တွေကို ဖြုန်းတီးပစ်ဖို့ရာ ကျွန်တော်တို့ ကျောင်းက သင်ကြားပေးတယ်။

စာမေးပွဲတွေ အကြိမ်ကြိမ်ကျပြီး project ကို အချိန်မှီ မတင်နိုင်တဲ့ ကျောင်းသားတစ်ယောက်ကို ကျောင်းထုတ်ပစ်ရမယ်ဆိုတဲ့ စည်းကမ်းက မှားတယ်.. သူက ကျောင်းကို ဘာဒုက္ခမှ မပေးဘူး.. သူက ကျောင်းအတွက် လူပိုတယောက် ဖြစ်ပေမယ့် ကျောင်းဆိုတာ သူ့အတွက် ဘဝတခုဆိုတာ ကျောင်းပိုင်တွေ သိထားသင့်တယ်။

သင်တို့ရဲ့ အသံုးအဆောင်ပစ္စည်းတွေ(နာရီ၊ ဖိနပ်၊ အဝတ်အစား) ရဲ့ တန်ဖိုးဟာ အဲ့ဒီအရာတွေကို ဝယ်ယူခဲ့တုန်းက ပေးခဲ့ရတဲ့ ကျသင့်ငွေ မဟုတ်ဘူး။ သင်နဲ့ လိုက်ဖက်မှု၊ အံဝင်ခွင်ကျရှိမှု၊ သင့်အတွက် အသံုးဝင်မှု… ဒါတွေကသာ သင့်ပစ္စည်းတွေရဲ့ တန်ဖိုး ဖြစ်တယ်။

ဘဝမှာ အောင်မြင်မှုတွေဆီ လှေျာက်လှမ်းသူခြင်း အတူတူ ပြိုင်ဆိုင်မှု မထားပါနဲ့။ သင့်ပတ်ဝန်းကျင်မှာ သင့်ထက် ဥာဏ်ပါရမီ ရင့်သန်သူ အများကြီးပါ… ဘဝဆိုတာ အပြေးပြိုင်ပွဲ ဖြစ်တယ်ဆိုရင်တောင် သင်ဟာ ပထမ မရနိုင်ဘူး…. ဘဝဆိုတာ တယောက်ထဲ ပြိုင်ရတဲ့ အပြေးပြိုင်ပွဲပါ… လူတိုင်း ပန်းဝင်နိုင်သလို.. ပန်းဝင်တဲ့ လူတိုင်းက သူနဲ့ ထိုက်တန်တဲ့ ဆုကို ရကြမှာပဲ…

image
Google

မမြင်နိုင်တဲ့ အနာဂတ်ကို တွေးကြောက်ပြီး ထင်ရာမြင်ရာ ဆွတ်လုပ်တာ အမျှော်အမြင် ကြီးမားတာမဟုတ်ဘူး.. သင့် အဆောင်တွေ၊ လက်ဖွဲ့တွေကို လွှတ်ပစ်လိုက်ပါ။ ဖြစ်လာမယ့် အခြေအနေကို အကောင်းဆံုးဖြစ်အောင် ရင်ဆိုင်ဖြေရှင်းမယ်ဆိုရင် သင်ဟာ သတ္တိရှိပြီး ရဲရင့်တဲ့ လူတော်တယောက်လို့ လူတိုင်းက အသိအမှတ်ပြုကြလိမ့်မယ်။

ဖြတ်​​ကျော်​ခြင်​း | Ecency