နေပျော်ဖို့ပဲလိုအပ်ပါတယ်

tnay(43)
Published in
#esteem
Words
189
Reading
1 min
Listen
Play
8y

လူတိုင်းဟာ အမိဝမ်​းမှ မွေးဖွားလာတာခြင်း တူညီကြပေမဲ့ အသက်ရှင်နေထိုင်တဲ့ ဘဝရပ်တည်မှုအခြေအနေတွေ အမျိုးမျိုးွကွဲပြားခြားနားကြပါသည်။

ငယ်စဥ်ကလေးဘဝမှာ ဝါသနာကို အရင်းခံပြီး လျှောက်လှမ်းခဲ့ကြပေမဲ့ အရွယ်ရောက်လာတော့
မိမိ၏ ကြိုးစားအားထုတ် ဖန်တီးမှုတွေနဲ့အတူ ဘဝကို တဖြည်းဖြည်းပံုဖော်လာခဲ့ကြပါသည်။

လောကမှာ အောင်မြင်ကျော်ကြားသူတွေကို ​သေချာစမ်းစစ်ကြည့်ရင်
သူတို့၏ ဘဝအတွေ့အကြံု​တွေနဲ့အတူ
ဇွဲ လံုလ ဝီရိယ ကြိုးစားအားထုတ်မှု​တွေနဲ့ စိတ်အားထက်သန်မှုတွေကို အတုယူတွေ့ရှိနိုင်ပါသည်။

image
Photo google

တချို့​သောသူများသည် တစ်စံုတစ်ယောက်ရဲ့ အထောက်အပံကောင်းများနဲ့ချမ်းသာကြွယ်ဝလာကြသလို

တချို့သူများကလည်း ဘဝအခြေအနေအရ အသက်ရှင်သန်ရပ်တည်ဖို့ နောက်ဆံုးအနေအထားတွေမှာ ကြိုးစားရုန်းကန်ပြီး နိုးထအောင်မြင်လာခဲ့ကြပါသည်​။

အသက်၂၅နောက်ပိုင်း လူမှုဘဝနယ်ပယ်ထဲ ရောက်ရှိလာချိန်မှာတော့ အပြိုင်အဆိုင်အတိုက်အခိုက် တွေနဲ့အတူ ခက်ခဲကြမ်းတမ်းတဲ့ အတားအဆီးများများစွာနှင့် တွေ့ကြံုလာရပါသည်။

ကိုယ့်ထက်သာလာတာမှာ စိုးရိမ်စိတ် မနာလိုစိတ်တွေနဲ့ အခွင့်အရေးယူဖိနင်းတတ်တဲ့ လူ့သဘာဝတွေနဲ့လည်း တွေ့ကြံုရပါလိမ့်မည်……

တခါတလေ ဆန့်ကျင်ဘက်ပြောတတ် လုပ်တတ်တဲ့ လူ့ကန့်လန်- လူ့ကွစာများကလည်း သင့်ကို ဟာသတခုလိုပျော်ရွင်စေပါသည်……

လူတိုင်​း ဖြတ်သန်းလာတဲ့ဘဝမှာ လှပတဲ့အတိတ်တွေ ရှိခဲ့ကြသလို ခါးတီးမှုတွေလည်း ရှိခဲ့ပါသည်​။

ဒါတွေကိုကျွန်တော်တို့သင်ခန်းစာယူကြရမည်။
အောင်မြင်လာမှ လူသိသလို --
တချို့လူတွေက ကိုယ်ကျရံှုးနေတဲ့ အချိန်တွေမှာ ငွေကြေးအခက်အခဲ/အကြံဥာဏ်များဖြင့်​့အားပေးကူညီခဲ့တဲ့သူတွေကိုမေ့လျော့နေတတ်ကြပါသည်​။

လူဆိုတာအမြဲတမ်း တသမတ်တည်းမနေပါဘူး"ဘဝမမေ့ပါစေနဲ့"။

ငယ်ရွယ်စဥ်တွေမှာ ဖြစ်ချင်တာတွေလုပ်ခဲ့ကြပေမဲ့ အသက်အရွယ်ရလာချိန်မှာတော့ ဖြစ်သင့်တာကို ဦးစားပေးပါ။

မိမိဖြစ်ချင်တဲ့ ဘဝကိုရဖို့ ကြိုးစားရာတွင် တောင်တက်သလိုပဲ ခက်ခဲကြမ်းတမ်းမှုတွေကို ွတွေ့ကြံုရဦးမှာပါပဲ...

မြစ်ချောင်းတွေလိုပဲ အကွေ့အကောက်လမ်းတွေ လျှောက်​ရဦးမှာပါပဲ...

ရေလှိုင်းတွေလို ဘဝအနိမ့်အမြင့်​တွေလည်း ​တွေ့ကြံုရဦးမှာပါပဲ-

ဘာပဲဖြစ်ဖြစ်အားမလျော့ပါနဲ့ ။

image
Photo google

လဲကျတိုင်းမှာ တဖြည်းဖြည်းခြင်းပြန်ထပါ ။

အခက်အခဲတွေ့ကြံု လာတိုင်းမှာ ဘဝကို အရံှုမပေးပါနဲ့။

``တူဖြစ်တုန်းခံ´´ဆိုသလို ထုသားပေသားကျဖို့
အချိန်တွေ ဆန္ဒတွေ အများကြီး စတေးခဲ့ရမှာပါ။

ဥပမာ-- သင့်ဘဝကို ငွေတစ်သောင်းကစခဲ့ပြီးကြိုးစားလို့ ငွေသိန်းတစ်ထောင်စုဆောင်းမိနေချိန်မှာ ရန်သူမျိုးငါးပါးကြောင့် ရုတ်တရက် ပစ္စည်းဥစ္စာတချို့ ပျက်စီးဆံုးရံှုးခဲ့တဲ့အချိန်ကျရင် သင့်ကိုယ်သင် ဝမ်းနည်းကြေကွဲရူးသွပ်မသွားပါစေနဲ့ ။

တကယ်တော့ သင့်ငွေတစ်သောင်းပဲရံှုးပြီး သင့်ဦးနှောက်ထဲမှာ ဒီထက်မကရှာနိုင်တဲ့ အရည်အချင်းဘဝအတွေ့အကြံုတွေ အများကြီး အမြတ်ရနေပြီဆိုတာ သင့်သိရှိနားလည်ထားပါ။

သင့်ဘဝဘယ်အခြေအနေရောက်ရောက် သင့်မူလစိတ်ထား မပျက်မယွင်းမဖောက်မပြန် အောက်ခြေမလွတ်စေပဲ ကျေနပ်စွာပျော်ရွှင်စွာ နေထိုင်နိုင်အောင် ကြိုးစားပါ--

လူတိုင်း ဆင်းရဲချမ်းသာမှုခြင်း မတူညီကြပေမဲ့ လက်ရှိဘဝမှာ ကိုယ့်ဦးတည်ရာကို တစိုက်မတ်မတ် ဆောက်ချလုပ်ပါ။

လမ်းခုလတ်မှာ ရည်မှန်းချက်တွေ မယိုင်လဲပါစေနဲ့……

သူတပါး ကြီးပွားချမ်းသာနေတာကို ကြည့်ပြီး ပြိုင်ဆိုင်နေမဲ့အစား အားကျအတုယူပြီး

လက်ရှိကိုယ့်ဘဝ အခြေအနေကို တင်းတိမ်ရောင့်ရဲရင်း ကိုယ့်ဘဝပြည့်စံုအောင်ကြိုးစားအားထုတ်ကြမယ်ဆိုရင်

အခုအချိန်မှာ မချမ်းသာ မအောင်မြင်သေးသော်လည်း ဘဝဟာ စိတ်ချမ်းသာမှုအပြည့်နဲ့အတူ ဘဝဟာနေတတ်ရင်ကျေနပ်စရာပါပဲ။

တကယ်တော့ ကျွန်တော်တို့တတွေဟာ အသက်ရှင်နေထိုင်မှုနဲ့အတူ မိမိစိတ်ဆန္ဒအတ္တလောဘ တွေနောက် မလိုက်ကြပါပဲ သက်ရောက်မှုတိုင်းကို လက်သင့်ခံရင်း ကျန်ရှိနေသေးတဲ့ ကိုယ့်ဘဝကို အေးအေးလူလူဖြတ်သန်းရင်း ကျေနပ်စွာ ဘဝနေပျော်ဖို့ပဲလိုအပ်ပါတယ်။

ဒီစာလေးဖတ်ပြီး မဆံုးနိုင်သေးတဲ့ အပြောကျယ်လှတဲ့ ဘဝပင်လယ်ပြင်မှာ အသောမတတ်နိုင်သေးတဲ့ အလိုရမက်အတ္တလောဘ စိတ်တွေနဲ့ ပူလောင်စွာ ကူးခတ်နေတဲ့ သင့်ကို အေးမြမှုနဲ့အတူ ဘဝအမောတွေကို ဖြေသာနိုင်စေခဲ့ရင် ကျွန်တော် ဝမ်းမြောက်ကျေနပ်လှပါပြီ

နေပျော်ဖို့ပဲလိုအပ်ပါတယ် | Ecency