မိမိကိုယ်ကို ပေါင်းသင်းခြင်း

tnay(43)
Published in
#esteem
Words
98
Reading
1 min
Listen
Play
8y

တစ်ယောက်တည်းနေတတ်ရင်၊ ခံစားတတ်ရင် ဘ၀မှာ အငြိမ်းချမ်းဆုံး အချိန်အခါနဲ့ အလှပဆုံးအချိန်အခါကို ခံစားတွေ့ကြုံနိုင်ပါတယ်။ အထီးကျန်နည်းနည်းဆန်တာမှန်ပါတယ်။ တစ်ယောက်တည်း နေထိုင်ခြင်းဟာ နက်နဲတဲ့ အတွင်းစိတ်မှာရှိတဲ့ မိမိရဲ့ လိပ်ပြာကို ပိုမိုအားအင် ကောင်းမွန်စေနိုင်ပါတယ်။ တစ်ယောက်တည်းနေထိုင်ချိန်ဟာ အခြားသူများကြီးစိုးမင်းမူနေတဲ့ အရူပ်အရှင်း ပေါင်းစုံကြားကနေ လွတ်ထွက်နေတတ်ပါတယ်။ မိမိကိုယ်မိမိ တကယ်ရင်ဆိုင်တဲ့အချိန်လည်းဖြစ်ပါတယ်။ မိမိအတွင်းစိတ်နဲ့ စကားနီးနောဖလှယ်နို်င်တဲ့အချိန်အခါလည်း ဖြစ်ပါတယ်။

image
photo google

အတွင်းစိတ်ငြိမ်းချမ်းခြင်းစစ်စစ်ကို တစ်ယောက်တည်းနေထိုင်တဲ့အချိန်အခါမှာပဲ ကောင်းမွန်စွာရရှိခံစားနိုင်ပါတယ်။

လူတော်တော်များများဟာ အခြားသူများနဲ့သာစကားပြောဆိုတတ်ပါတယ်။ မိမိကိုယ်မိမိ ( သို့ ) မိမိအတွင်းစိတ်နဲ့ ပြောစရာ စကားရှာမရကြပါဘူး။
ဒါကြောင့်မို့လို့ တစ်ယောက်တည်းရှိတဲ့အခါတိုင်း အထီးကျန်ဆန်တာကို ခံစားရတတ်ပါတယ်။
အမှန်တော့ လူဖြစ်တန်အောင် လူဆိုတာ ကိုယ့်အတွင်းစိတ်က ထွက်လာတဲ့ စကားသံကို နားထောင်တတ်အောင် သင်ထားရပါတယ်။ မိမိကိုယ်မိမိ မိတ်ဖွဲ့တတ်ရပါတယ်။ မိမိအတွင်းစိတ်ရဲ့ စကားသံကို နားထောင်တတ်တဲ့လူ ( သို့ ) မိမိအတွင်းစိတ်ကို မေးခွန်းထုတ်တတ်သူတို့ဟာ သူပြောကိုယ်ပြော၊ သူများယောင်တိုင်း ဘယ်တော့မှ လိုက်မယောင်တတ်တော့ပါ။

image
photo google

ဥပမာ ဆိုပါစို့၊ မိတ်ဆွေတွေနဲ့ ခရီးအတူသွားကြတယ်။
လမ်းမှာ အမှတ်တရ ပစ္စည်းဝယ်ကြတယ်။ သူဝယ်ကိုယ်ဝယ်နဲ့ ၀ယ်အောင်လည်း “ဂိုက်”က စည်းရုံးတယ်။
ကိုယ့်စိတ်ကို မေးခွန်းထုတ်တတ်တဲ့လူက ကိုယ့်ကိုယ်ကို မေးလိုက်တယ်။
ငါဒါကို ၀ယ်ရင် တကယ်စိတ်ချမ်းသာမှာလား၊ အားနာလို့ ၀ယ်မှာလား၊ သူများဝယ်လို့ လိုက်ဝယ်ရမှာလား၊ စသည်ဖြင့် မေးလိုက်ပါတယ်။ ၀ယ်ဖို့ မလိုအပ်ဖူးလို့ ထင်မိရင် ဘယ်သူက ဘယ်လိုပြောပြော မ၀ယ်တော့ပါ။

မိမိကိုယ်ကို ပေါင်းသင်းခြင်း | Ecency