သူခိုးတစ်ယောက်က တစ်ညလုံး
ခိုးပြီး မနက် မိုးလင်းခါနီးကြတော့
ရွာအပြင်နားက ဇရပ်မှာ အိပ်နေ ပါ
တယ်။
ဒီလိုပဲ သူတော်စင်တစ်ဦး လည်း
တစ်ညလုံး ကုသိုလ် ဘာဝနာ အလုပ်လုပ်ပြီး မနက်မိုး လင်း ချိန် ရောက် တော့ မှ ရွာရဲ့အပြင်
ဇရပ်ကို လမ်းလျှေက်ရင်း ရောက်လာခဲ့ပါတယ်။
photo google
အဲဒီ မှာ အိပ်ပျော်နေတဲ့ သူခိုးကို တွေ့ပြီး
သူတော်စင်ကမှတ်ချက်တစ်ခုချတယ်။
အော် သူလည်း ငါ့လို တစ်ညလုံး
အလုပ် လုပ်ပြီးအိပ်ပျော်နေတာဖြစ်မယ်
ဟု မှတ်ယူကာ ပါလာတဲ့ သူ့ ရဲ့ ခြုံစောင်ကို သူခိုးကို ခြုံပေးပြီး အနားမှာ ခေတ္တလှဲလျောင်း
အိပ်စပ် နေ လိုက် ပါတယ်။
ခဏကြာတော့ သူခိုးက နိုးလာတော့
အနားမှာ အိပ်နေတဲ့ သူတော်စင်ကို
မြင်တော့ သူလည်းမှတ်ချက်တစ်ခု
ချပြန်တယ်။
အော် သူလည်း ညက ငါ့လို တညလုံး
ခိုးပြီး အိပ်နေတာဖြစ်မယ် တဲ့။
လူဟာ မိမိစိတ်ထဲရှိ့တဲ့အတိုင်း
သူတစ်ပါးကို စဉ်းစားတွေးတော ပြီးကိုယ့် အတွေးအတိမ်အနက် နဲ့ ခန့်မှန်း ခြေ တွေ နဲ့ ပြုမူ ပြောဆို တတ် ကြ ပါ တယ်။
photo google
ကိုယ်တိုင်သူခိုးဆိုရင်
သူဟာ တစ်ပါးသူကိုလည်းသူခိုးလို့ပဲ ထင် တတ် တာ ဖြစ် တတ် တဲ့ သဘောတရား ပါ။
ကိုယ်တိုင်လူကောင်းဆို
သူတစ်ပါးကိုလည်း လူကောင်းလို့ထင်မှာပါ။
မိဘတွေဆုးံမ စကားကို သတိရလာတယ်
မျက်စေ့၂လုံးက တစ်လုံးသည် ကိုယ့်အပြစ်ကို ကြည့်ဖို့ ဖြစ်တယ်။
ကျန် တစ်လုးံက အပြင်လောက ကို အကောင်း တရားဘက်က မြင်တတ်ဖို့အရေးကြီးပါတယ်တဲ့။