ကံဆိုးသူ

tnay(43)
Published in
#esteem
Words
83
Reading
1 min
Listen
Play
9y

တွေးဖူးမှာပါ ..
လောကမှာ ကံအဆိုးဆုံးက မင်းလို့.....

အ​ရေး​ပေါ်ခန်းထဲက
နောက်​ဆုံး အသက်​ရူဖို့​တောင်​ခက်​​နေတဲ့ သူက​တော့
မင်းကို အားကျမှာပဲ....

ညဘက်​​တွေ သူများအိပ်​ချိန်
အပုပ်​အသိုး​တွေ အမှိုက်​လိုက်​သိမ်း​နေရတဲ့သူက​တော့
မင်းလို ညဘက်​​အေး​အေးသက်​သာ​နေ​နေရတဲ့ဘဝကို
အားကျ​နေရှာတယ်​....

image
photo google

လောကဆိုတာ ဖြူသလားမဲသလား​တောင်
မသိရှာတဲ့ ​မွေးရာပါ မျက်​စိမမြင်​ရတဲ့သူအတွက်​က​တော့
မင်းလို အရာရာ မြင်​​နေရတာ
သိပ်​အားကျစရာဘဝပဲ.....

မွေးရာပါ ​ခြေလက်​မပါတဲ့ သူအတွက်​​တော့
မင်းလို ​ခြေစုံလက်​စုံနဲ့ လူတန်း​စေ့​နေနိုင်​သူကိုကြည့်​ပြီး
ကံ​ကောင်းလိုက်​တာလို့​တွေး​နေရှာတယ်​....

တကယ်​​တော့ မင်းကံဆိုးတာမဟုတ်​ပါဘူး..
ကိုယ့်​ဖြစ်​တည်​​နေတဲ့ ဘဝကို တန်​ဖိုးမထားတတ်​တာပါ...

ခြေလက်​အင်္ဂါစုံလင်​ပြီး အလုပ်​လုပ်​ရမှာပျင်း​နေရင်
ခြေလက်​အင်္ဂါကျိုးတာပဲဖြစ်​ဖြစ်​ မရှိ​တော့တာပဲဖြစ်​ဖြစ်
အဲလိုကြုံဖူးတဲ့အခါ မင်းအဲဒီ ​ခြေလက်​​တွေတန်​ဖိုးသိပြီး
သိပ်​အလုပ်​လုပ်​ချင်​လာမယ်​.....

တ​နေ့​တ​နေ့ ဘာလုပ်​ရမှန်းမသိပျင်း​နေတတ်​မယ်​...
အကယ်​လို့ မင်းသာ ​နေဖို့ ၃ရက်​ပဲ အချိန်​ရှိ​တော့မယ်​ဆိုရင်
ဖြစ်​ချင်​တာ​တွေ​ရော လုပ်​ချင်​လာတာ​တွေ​ရော
တန်းကိုစီ​နေမှာပဲ....

image
photo google

ဒါ​ကြောင့်​ အသက်​ရှင်​​နေနိုင်​တုန်းမှာဖြစ်​ချင်​တာ​တွေကို
ဖြစ်​​အောင်​လုပ်​ပါ...
ဦး​နှောက်​အ​ကောင်းအတိုင်းရှိတုန်းမှာ
..​တွေး​ခေါ်ပါ...စာဖတ်​ပါ....
နားအ​ကောင်းအတိုင်းရှိတုန်းမှာ..
လောကကြီးရဲ့ အသံ​တွေကို ခံစားပါ.....
မြင်​နိုင်​တုန်းမှာ ပညာ​တွေဆည်းပူးပါ....

တချိန်​ချိန်​ ​နောင်​တမရ​အောင်
ကိုယ့်​ကိုယ်​ကို ဘဝ ကံဆိုးတယ်​လို့​တွေး​ခေါ်​နေမယ့်​အစား
ကိုယ့်​ကိုယ်​ကို စိတ်​အားတက်​ကြွ​အောင်​လုပ်​ပြီး...

ကိုယ်​ဖြစ်​တည်​​နေတဲ့ ဘဝကို တန်​ဖိုးထားတတ်​ပါ​စေ.... "

ကံဆိုးသူ | Ecency