ကွယ်ရာမှာ မကောင်းကြောင်းကို ပြောလို့
စိတ်မကောင်း မဖြစ်ပါနဲ့၊။
သူတို့ထက် ထူးချွန်နေလို့မှတ်ပါ။
အခြားသူတွေ ကိုယ့်ကိုမနာလို ဖြစ်နေလို့
စိတ်မထိခိုက်ပါနဲ့။
အရည်အချင်းစစ်စစ် ပိုင်ဆိုင်နေတာကြောင့်ပါ။
photo - google
အခြားသူတွေ ကိုယ့်ကို ပုတ်ခတ်နေပါတယ်ဆိုပြီး
စိတ်မညစ်ပါနဲ့။
ပိုမို အောင်မြင်ကျော်ကြားသွားမှာ မလိုလားကြလို့ပါ။
အကြောင်းအကျိုးကို မြင်အောင်ကြည့်မယ်။
သင့်ကိုနားလည်တဲ့လူများအတွက် ရှင်းပြဖို့မလိုအပ်သလို
နားမလည်ချင်တဲ့လူများအတွက် ရှင်းပြနေလည်း အချိန်တွေကုန်ပါလိမ့်မယ်။
ကြားချင်တဲ့စကားတွေကိုပဲ ရွေးချယ်ပြီးနားထောင်မယ်။
ပျော်ပျော်လေးနေမယ်။
စိတ်ညစ်စိတ်ရူပ်တာတွေ လုံးဝလက်မခံပါနဲ့။
photo - google
တည်ဆောက်ပြီးတဲ့ စာရိတ္တကို ကောင်းကောင်းဆက်ထိန်းမယ်။
ကိုယ့်ဘ၀လမ်းကြောင်းကို ဖြောင့်အောင် ဆက်လျှောက်မယ်။
လမ်းခရီးမှာ ရှိတဲ့ ရူ့ခင်းတွေကို အပြည့်အ၀ ခံစားမယ်။
ကိုယ့်ဘ၀ကို ကို်ယ်စိုပြေအောင် ဖန်တီးမယ်။
ပါးစပ်ပေါက်တွေဆိုတာ သူများခန္ဒာကိုယ်မှာ ရှိတယ်။
သူများအပြော၊ သူများအရေး၊ ဒါသူများနဲ့ဆိုင်ပါတယ်။
ကိုယ့်နားက ကြားမလား၊ မကြားဘူလားဆိုတာ ကိုယ့်ပိုင်ရွေးချယ်မှုအရပါပဲ။
နားဝင်ကောင်းတဲ့ဟာပဲ ကိုယ်ကြားတယ်။
နားဝင်ခါးတဲ့ဟာတွေ ကိုယ်မကြားတော့ဘူးပေါ့။