ဒီလိုလူတွေကိုရှောင်ပါ

tnay(43)
Published in
#esteem
Words
81
Reading
1 min
Listen
Play
8y

(၁) သင့်ကို စိတ်ဓါတ်ကျစေတဲ့သူ

"မင်းလုပ်ရင် ဖြစ်မှာမဟုတ်ပါဘူး" ဆိုတဲ့ စကားအသွားအလာမျိုးနဲ့ သင့်ကိုစိတ်ဓါတ်ကျအောင် လုပ်တတ်တဲ့သူမျိုးဆိုရင် ဝေးဝေးကနေရှောင်ပါ။
ဒီလိုလူမျိုးတွေဆီက သင့်မှာ မှေျာ်လင့်စရာ ဘာမှမရှိတဲ့အပြင် သင့်မှာရှိတဲ့ ယံုကြည်မှုနဲ့ စွမ်းအင်ကိုပါ ယုတ်လျော့ထိခိုက်စေနိုင်ပါတယ်။

image
photo google

(၂) သင့်ကို မလေးစားတဲ့သူ

လေးစားမှုဆိုတာ လောကွတ်ချော်ပြီး အတင်းကာရော ပြံုးပြ၊ ကပ်ဖားယပ်ဖားလုပ်ပြနေတာကို ခေါ်တာ မဟုတ်ပါဘူး။ လူတစ်ယောက်နဲ့တစ်ယောက်ကြား
ရှိရမယ့် အခြေခံလေးစားမှုကို ဆိုလိုတာပါ။ သင့်အပေါ်မှာ လေးစားမှုမရှိတဲ့ လူတစ်ယောက်၊ သင့်ကို အထင်သေးနေတဲ့ လူတစ်ယောက်အနားဟာ
သင်ရှိမနေသင့်တဲ့ ပတ်ဝန်းကျင်ပါ။ ဒါ့အပြင် သူတို့တွေ သင့်ကိုအထင်သေးတာ မှားယွင်းတယ်ဆိုတာ သက်သေပြဖို့လည်း လိုပါတယ်။

(၃) သင့်ကို နာကျင်စေတဲ့သူ

သင့်ကို ထိခိုက်နာကျင်စေတဲ့သူတစ်ယောက်ဟာ သင့်အတွက် လာခြင်းကောင်းသောသူတစ်ယောက် မဟုတ်ပါဘူး။
သင့်ရှိနေသင့်တာ သင့်ကို နာကျင်စေတဲ့သူအနားမှာမဟုတ်ဘဲ သင့်အတွက် ချမ်းမြေ့ကြည်နူးခြင်းတွေ ယူဆောင်လာပေးမယ့်သူအနားမှာပဲ ဖြစ်သင့်ပါတယ်။

image
photo google

(၄) သင့်ကို လိမ်ညာတဲ့သူ

မရိုးသားတဲ့ သူတစ်ယောက်ဟာ သင့်ကို ထိခိုက်မှုတွေ၊ နစ်နာမှုတွေ ဖြစ်စေပါတယ်။ သင့်ကို လိမ်ညာနေတယ်ဆိုတဲ့အသိဟာ
သင့်ရဲ့ စိတ်အပေါ်မှာ မကောင်းတဲ့ သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။

ဒီလိုလူတွေကိုရှောင်ပါ | Ecency