အရည်အချင်းတွေကို သိမ်းမထားပါနဲ့

tnay(43)
Published in
#esteem
Words
153
Reading
1 min
Listen
Play
8y

လှေက ကမ်းမှာကပ်ထားရင် အန္တရယ်အကင်းဆံုးပဲ၊
ဒါပေမယ့် အဲဒါက လှေတည်ဆောက်ခဲ့တဲ့ရည်ရွယ်ချက် မဟုတ်ဘူး။

လူက အိမ်မှာနေရင် အသက်သာဆံုးပဲ၊
ဒါပေမယ့် အဲဒါက လူဖြစ်လာရတဲ့ရည်ရွယ်ချက် မဟုတ်ဘူး။

တစ်နေ့ကို မိုင်တစ်ထောင်သွားနိုင်တဲ့ အာဇာနည်မြင်းပျိုလေးတစ်ကောင်ရှိတယ်၊
သူ့ရဲ့အရည်အချင်းကိုဖော်ထုတ်ပြသဖို့ အခွင့်အရေးကိုစောင့်နေတယ်။

image
photo - google

ကုန်သည်လာတယ်၊ပြောတယ်၊ ` မင်းငါနဲ့လိုက်နိုင်မလား´

မြင်းကခေါင်းခါပြီးပြောတယ်၊

`ငါက တစ်နေ့မိုင်တစ်ထောင်သွားနိုင်တဲ့ အာဇာနည်မြင်းကွ... ဘယ်လိုဖြစ်လို့ ကုန်သည်နောက်လိုက်ပြီး ကုန်ထမ်းရမှာလဲ ? ´

စစ်သားလာတယ်၊ ပြောတယ်၊ ` မင်းငါနဲ့လိုက်နိုင်မလား´

မြင်းကခေါင်းခါပြီးပြောတယ်၊

`ငါက တစ်နေ့မိုင်တစ်ထောင်သွားနိုင်တဲ့ အာဇာနည်မြင်းကွ... ဘယ်လိုဖြစ်လို သာမာန်စစ်သားတစ်ယောက်နောက်လိုက်ပြီး တိုက်ပွဲဝင်ရမှာလဲကွ? ´

မုဆိုးလာတယ်၊ ပြောတယ်၊ ` မင်းငါနဲ့လိုက်နိုင်မလား´

မြင်းကခေါင်းခါပြီးပြောတယ်၊

`ငါက တစ်နေ့မိုင်တစ်ထောင်သွားနိုင်တဲ့ အာဇာနည်မြင်းကွ... ဘယ်လိုဖြစ်လို မုဆိုးနဲ့အတူတူ ပင်ပန်းဆင်းရဲမှုဒဏ် ခံရမှာလဲကွ? ´

ဒီလိုနဲ့ တစ်နေ့ပြီးတစ်နေ့ကုန်ဆံုးသွားသည်၊ ဒီမြင်းတစ်ကောင် သူနဲ့တန်သည့်အလုပ်ရှာမတွေ့သေးချေ။

တစ်နေ့ ဘုရင်မင်းမြတ်အမိန့်ဖြင့် စစ်သူကြီးတစ်ယောက် အာဇာနည်မြင်းကိုလိုအပ်ကြောင်း နေရာအနှံ့ကြော်ငြာစာများကပ်ကာ လိုက်ရှာလေသည်၊

အာဇာနည်မြင်းက စစ်သူကြီးဆီသွားတွေ့ပြီး ပြောတယ်၊

` ကျနော်က ခင်ဗျားတို့ရှာနေတဲ့ အာဇာနည်မြင်းပါ´

စစ်သူကြီးကမေးတယ်၊

` ဒါဆို မင်းငါတို့တိုင်းပြည်ရဲ့ တောတောင်ရေမြေနဲ့ လမ်းတွေကို နှံ့စပ်လား ´

မြင်းက ခေါင်းခါတယ်၊

စစ်သူကြီးက ထပ်မေးတယ်၊

` ဒါဆို မင်းစစ်ပွဲဝင်ဖူးသလား.. စစ်ပွဲအတွေ့အကြံုရှိသလား ´

မြင်းက ခေါင်းထပ်ခါတယ်၊

စစ်သူကြီးကထပ်မေးတယ်၊

` ဒါဆို မင်းတောထဲတောင်ထဲမှာ သားကောင်တွေနဲ့တွေ့တဲ့အခါ သခင့်အတွက် ရင်ဆိုင်တိုက်ခိုက်ပြီး ရုန်းထွက်ရဲသလား ´

မြင်းက ခေါင်းထပ်ခါတယ်၊

စစ်သူကြီးကပြောတယ် ` ဒါဆို မင်းဘာအသံုးကျသေးသလဲ´

မြင်းကပြောတယ် ` ကျနော်နေ့ဘက်ဆို မိုင်တစ်ထောင်သွားနိင်ပြီး ညဘက်ဆို မိုင် ၈ရာသွားနိုင်တယ်၊ လေအဆန်မှာ အစုန်ထက်တောင်မှ အပြေးမြန်သေးတယ်´

စစ်သူကြီးက မြင်းပေါ်ခွတက်စီးလိုက်တယ်၊

မြင်းကအားစိုက်ပြီး တစ်ဟုန်ထိုးပြေးလိုက်တယ်၊ ဒါပေမယ့် ၁၀လှမ်းလောက်ပဲပြေးရသေးတယ်၊ အမောဟိုက်ပြီး ကျောမှာချွေးတွေပျံလာတယ်၊

`မင်းအိုသွားပြီ... မပြေးနိုင်တော့ဘူး´ ဟုဆိုကာ စစ်သူကြီးပြန်လှည့်ထွက်သွားသည်၊

ဒီနေ့သင်လုပ်တဲ့ကိစ္စတစ်ခုဆီတိုင်းဟာ သာမာန်ကြိုးစားနေတယ်ထင်ရပေမယ့် နောင်တစ်ချိန်အတွက် အင်အားလေးတစ်ခုဆိုတာ သိထားပါ၊ ဒီနေ့သင်ဖြတ်ကျော်ရတဲ့ စိတ်ဆင်းရဲတဲ့ အတွေ့အကြံုတိုင်း၊ ငြင်းပယ်မှုတိုင်းဟာ အနာဂတ်အတွက်အုတ်မြစ်ချပ်လေးတွေပါ၊ အိုသွားတဲ့အချိန် မပြေးနိုင်တော့မှ မပြေးခဲ့ရလားလို့ နောင်တမရပါနဲ့၊

image
photo - google

လှေက ကမ်းမှာကပ်ထားရင် အန္တာရယ်အကင်းဆံုးပဲ၊
ဒါပေမယ့် အဲဒါက လှေတည်ဆောက်ခဲ့တဲ့ရည်ရွယ်ချက် မဟုတ်ဘူး။

လူက အိမ်မှာနေရင် အသက်သာဆံုးပဲ၊
ဒါပေမယ့် အဲဒါက လူဖြစ်လာရတဲ့ရည်ရွယ်ချက် မဟုတ်ဘူး။

ပညာက အရည်အချင်းကို ကိုယ်စားမပြုဘူး၊ စာပေက ယဥ်ကျေးမှုကို ကိုယ်စားမပြုဘူး၊ မနေ့ကကျော်ဇောခဲ့တဲ့အရာဟာ ဒီနေ့မှာ အတိတ်နဲ့ မှတ်ဥာဏ်အချို့ဖြစ်သွားပြီ၊

ဒါ့ကြောင့် အရေးကြီးတာ မနေ့ကသင်ဘယ်သူလဲမဟုတ်ပါဘူး၊ ဒီနေ့သင်ဘယ်သူလဲဆိုတာပါ၊

ပိုပြီးအရေးကြီးတာ ဒီနေ့သင်ဘာလုပ်သလဲ.. မနက်ဖြန် သင်ဘာဖြစ်မလဲဆိုတာပါ၊

#nobidbot

အရည်အချင်းတွေကို သိမ်းမထားပါနဲ့ | Ecency