မြန်​မာမ​လေး

Words
193
Reading
1 min
Listen
Play
9y

image
အမျိုး​ကောင်းသမီးများ ဖြစ်​ကြပါ​စေ မြန်​မာအမျိုးသမီးများအား မြန်​မာမိန်းက​လေးနှင့်​တူ​စေခြင်​ဆိုသည့်​ သီချင်းတစ်​ပိုဒ်​ထဲကလို မိမိတို့ မြန်​မာ့ဝတ်​စားဆင်​ယင်​မှုကို ဂုဏ်​ယူသင့်​ပါသည်​။ ဟီရိဩတ္တပ္ပတရားကင်းမဲ့​သော ဝတ်​စားဆင်​ယင်​မှုကို အတုမယူသင့်​​ပေ။ ဗုဒ္ဓဘာသာ မြန်​မာလူမျိုးဆိုသည်​မှာ လူကြီးများ၏အဆိုအမိန့်​အရ ဗုဒ္ဓဘာသာ သည်​ ကြာသပ​တေးနံ ဂြိုလ်​သက်​(၁၉)နှစ်​ မြန်​မာသည်​လည်း ကြာသပ​တေးနံ ဂြိုလ်​သက်​ (၁၉)နှစ်​၊ ဗုဒ္ဓဘာသာ + မြန်​မာ =၁၉+၁၉=၃၈ ရသဖြင့်​ ဗုဒ္ဓဘာသာ မြန်​မာလူမျိုးတို့သည်​ ဘုရား​ဟော(၃၈)ဖြာမင်္ဂလာတရား​တော်​နှင့်​အညီ ​နေထိုင်​​သော လူမျိုးများဖြစ်​သည်​။

ယ​နေ့​ခေတ်​သည်​ တိုးတက်​​နေသည့်​​ခေတ်​ဖြစ်​​သော်​လည်း အခှု့လူ​နေမှုရပ်​ဝန်းတွင်​ လွဲမှား​သောအတူယူမှုများ​ကြောင့်​ အဆိုးဘက်​ကိုဦးတည်​​နေပါသည်​။ အချို့အမျိုးသမီး​လေးများသည်​ ရုပ်​သံလိုင်းများမှ ပြသ​နေ​သော အ​နောက်​တိုင်းနှင့်​အခြား​သော တိုင်းပြည်​မှဝတ်​စားဆင်​ယင်​မှုပုံစံများကို အတုယူကာ ဝတ်​စား​နေထိုင်​​ပြောဆို​နေကြသည်​။

ကမ္ဘာတွင်​မြန်​မာသည်​ ကိုယ်​ပိုင်​ထီးနန်း၊ကိုယ်​ပိုင်​ယဉ်​​ကျေးမှု ကိုယ်​ပိုင်​စရိုက်​ အမူအကျင့်​များဖြင့်​ ထင်​ရှား​သောနိုင်​ငံတစ်​နိုင်​ငံ ဖြစ်​ပါသည်​။ အခြား​သောဘာသာများကို ကိုးကွယ်​​နေသည့်​နိုင်​ငံများ ချန်​လှပ်​ကာ ဗုဒ္ဓဘာသာဝင်​(၅)နိုင်​ငံကို ကြည့်​လျှင်​ ဒုတိယကမ္ဘာစစ်​အပြီးတွင်​ ကိုယ်​ပိုင်​ဝတ်​စားဆင်​ယင်​မှုပုံစံကို မြန်​မာနိုင်​ငံကသာလျှင်​ ထိန်းသိမ်းနိုင်​ခဲ့သည်​။ အ​နောက်​တိုင်း တိုင်းတစ်​ပါးသးအချို့က မြန်​မာအမျိုးသမီးများ၏ လုံခြုံလှပ​သော ဝတ်​စားဆင်​ယင်​မှုကို နှက်​သက်​အား​ကျပြီး ရင်​ဖုံးအင်္ကျီ၊ ထဘီတို့ကိုဝတ်​ဆင်​လျှက်​ အလှဓာတ်​ပုံရိုက်​ကာ အမှတ်​တရသိမ်းယူသွားသည်​ကို ညီမငယ်​​လေးများကို သိ​စေခြင်​မိသည်​။ အမျိုးသမီးငယ်​​လေးများ လှ​ခြင်​စိတ်​ရှိသည်​မှာ သဘာဝဖြစ်​သည်​။

သို့​သော်​ လှခြင်​စိတ်​များလွန်းလျှင်​ အသိနှင့်​သတိကင်းကွာကာ မိမိတို့လူမျိုး၏ စရိုက်​အမူအကျင့်​တို့အား ပစ်​ပယ်​ရာ​ရောက်​​စေပါသည်​။ ထို့​ကြောင့်​ ဘဝနှင့်​အလှအတွက်​ သတိနှင့်​အသိယှဉ်​ကာ ဝတ်​စားဆင်​ယင်​​နေထိုင်​​စေခြင်​ပါသည်​။

ဗုဒ္ဓမြတ်​စွာဘုရား​ဟောကြား​သည့်​ တရား​တော်​ ​လောကနီတိ ဣတ္ထိယကဏ္ဍတွင်​ "ယာနာရီအကြင်​မိန်းမသည်​ မန်​​ဏ္ဍောသုစအဝတ်​တန်​ဆာပြုပြင်​ဆင်​ယင်​​သောအခါတို့၌ ဇနိဝအမိကဲ့သို့ ကန္တိနီနှစ်​သက်​ဖွယ်​ပြုပြင်​တတ်​၏။ ဂု​ယှေသုလျှိုဝှက်​အပ်​ကုန်​​သော၊ ဌာ​နေသုမကျစ်​မလှစ်​​သောအရာတို့၌ ဘဂိနီဝနှမကဲ့သို့၊ ဟိရိနီလွန်​စွာရှက်​တတ်​၏။ " ဟုပြဆိုထားပါသည်​။
image
လောကနီတိမှ ထိုပြဆိုချက်​သည်​ လိုက်​နာကျင့်​သုံးအပ်​သည့်​ အဆိုအမိန့်​တစ်​ခုဖြစ်​​ကြောင်း ညီမ​လေးတို့အား သိ​စေခြင်​ပါသည်​။ အမျိုးသမီးများသည်​ မမြင်​အပ်​​သောအရာများကို မ​ဖော်​ပြမိ​အောင်​ လျှို့ဝှက်​ထားကြပါ ဆိုသည့်​အဓိပ္ပါယ်​ပင်​ဖြစ်​သည်​။ သို့​သော်​ လှခြင်​ပခြင်​လွန်းသည့်​အတွက်​ မိမိတို့လူမျိုး၏ စရိုက်​၊အမူအကျင့်​ကို ဂရုမထားဘဲ အမြင်​မ​တော်​​သော လျှပ်​​ပေါ်​လော်​လီ​သော မမြင်​အပ်​သည့်​ လျှို့ဝှက်​သင့်​သည်​များကို သွယ်​ဝိုက်​ကာ​ဖော်​ပြသည့်​ အဝတ်​အစားများကို ​ရှောင်​ကြဉ်​သင့်​ပါသည်​။ သို့မဟုတ်​ပါက ပုရိသ​ယောက်ျားမုဆိုးများ၏ မထိ တထိ အ​ပြောအဆိုများ ညစ်​ညမ်း​သော အ​ပြောအဆိုများကို ခံရတတ်​ပါသည်​။ ၎င်း ​နောက်​ ထိုထက်​လွန်​ကဲပြီး ကိုယ်​ထိလက်​​ရောက်​ ပြစ်​မှုမကင်း​သောကျူးလွန်​မှုများကိုပါ ကြုံ​တွေ့လာနိုင်​​ပေသည်​။ မိန်းက​လေးများ၏ ဘဝလုံခြုံမှုကို ထိခိုက်​ပျက်​ပျား​စေခြင်းသည်​ လူမှု​ရေးအရမလိုလားအပ်​သည်​မှာမှန်​​သော်​လည်း မိန်းမသားများဘက်​မှလည်း ဟီရိ​ဩတပ္ပတရား လက်​ကိုင်​ထား၍ မြန်​မာ့ယဉ်​​ကျေးမှုဓ​လေ့ထုံးတမ်းများနှင့်​အညီ ဝတ်​စားဆင်​ယင်​ကာ ​နေထိုင်​သင့်​ပါည်​။{အမျိုးသားများအ​နေနှင့်​လည်း အမျိုးသမီးတို့၏ အိ​နြေ္ဒသိက္ခာကို အ​လေးထားရန်​လိုအပ်​​ပေသည်​။}
ယခင်​​ခေတ်​ကမြန်​​မာအမျိုးသမီးများသည်​ ဘဝအတွက်​ အရှက်​လုံရန်​ဝတ်​ဆင်​ကြပါသည်​။ ယခု​ခေတ်​ အချို့အမျိုးသမီး​လေးများသည်​ အလှအတွက်​ အလုံဝတ်​ရန်​ရှက်​​နေကြသည်​။ ယခင်​​ခေတ်​နှင့်​ ယခု​ခေတ်​ကို ချိန်​ဆ၍ အမျိုးသီးငယ်​​လေးများသည်​ ဘဝနှင့်​အလှအတွက်​ လုံခြုံလှပ​သောမြန်​မာ့အဝတ်​နှင့်​ အလှဆင်​​စေခြင်​သည်​။ ​နောင်​ကာလတွင်​ မြန်​မာတို့၏ကိုယ်​ပိုင်​ ဝတ်​စားဆင်​ယင်​မှု တိမ်​​ကောပ​ပျောက်​မသွားရန်​မှာ ယခု​ခေတ်​ အမျိုးသမီးတို့၌ ပို၍အဓိကကျ​ပေသည်​။ ထိုသို့တိမ်​​ကော ပ​ပျောက်​မသွားမှသာလျှင်​ အနာဂတ်​ကာလ၌ မြန်​မာတို့၏ကိုယ်​ပိုင်​ ဝတ်​စားဆင်​ယင်​မှုဖြင့်​ သိက္ခာရှိရှိ​နေထိုင်​သွားနိုင်​မည်​ဖြစ်​သည်​။

အချုပ်​အားဖြင့်​ဆိုရ​သော်​ မြန်​မာ့အဝတ်​ဆင်​မြန်းထား​သော ညီမ​ငယ်​​လေးများသည်​ လှပ​ကျော့ရှင်းပါသည်​ဟုဆို​သော ဥ​ဒေါင်းပျိုမ​လေးထက်​ ပိုမိုလှပပါသည်​။ ဥ​ဒေါင်းပျိုကား ​နောက်​မှကြည့်​လျှင်​ မလှ​သော်​လည်း မြန်​မာမ​လေးများက ဘယ်​လိုကြည်​ကြည့်​၊ ဘယ်​ဘက်​ကကြည့်​ကြည့်​ မြင်​ရသူ၏စိတ်​ကို ကြည်​လင်​​အေးမြ​စေ​ကြောင်း မြန်​မာမ​လေးများအား မြန်​မာလို လှ​စေခြင်​သော​​ကြောင့်​ ​ရေးသားတင်​ပြလိုက်​ရပါတယ်​ရှင်​။

မြန်​မာမ​လေး | Ecency