ဟို့ရှေ့ရှေ့တုန်းက တောင်တန်းတွေ ဝန်းရံလို့ထားပြီး အလွန်လှပသော ရွာကလေးတစ်ရွာရှိပါတယ်။
အခြားအရပ် ဒေသကနေ ထိုရွာကလေးကို ရောက်ဖူးကြသော လူအများ ပြောစကားအရ ထိုရွာကလေးဟာ ဂုဏ်သတင်း ပျံ့နှံလို့နေပါတယ်။
သို့ပေမယ့်လည်း တောင်တွေနဲ့ ဝန်းရံထားသော ထိုရွာကလေးကို သွားရသောခရီးက အလွန်ပဲ ကြမ်းတမ်းလှလွန်းပေတယ်။
တစ်နေ့မှာ မောင်မြဆိုသည့် ပန်းချီဆရာတစ်ယောက်နဲ့ မောင်အေးဆိုသည့် ပန်းချီဆရာ တစ်ယောက်သည် ထို တောင်တန်းတွေနဲ့ ဝန်းရံထားသော ရွာကလေးသို့သူတို့၏ တက်မြှောက်ထားသော ပန်းချီဆွဲခြင်း အနုပညာဖြင့် မွန်းမံရေးဆွဲရင် ကောင်းမလားဆိုပြီး သူငယ်ချင်းနှစ်ယောက် တိုင်ပင် ဆွေးနွေးကြပါတယ်။
မောင်မြနဲ့မောင်အေးဟာ တစ်နေ့မှာတော့ ထိုရွာကလေး၏ အလှအပကို ကြည့်ပြီး ပန်းချီဆွဲရန် ထိုရွာကလေးသို့ ခရီးထွက်ခဲ့ကြတယ်။
ထိုရွာကလေးသို့ သွားရာလမ်းတစ်လျှောက်၌ တောင်တွေကိုကျော်ဖြတ် လာရင် တစ်နေရာအရောက် မောင်မြက မောင်အေးအား အရိပ်ကောင်းသောတစ်နေရာမှာ ငါတို့နှစ်ယောက် အနားယူမယ်လို့ပြောလိုက်တယ်။
သူတို့နှစ်ယောက်ဟာ ရွာကလေးသို့သွားရာ လမ်းတွေအတိုင်း ကျော်ဖြတ်လာရင်းမှာပဲ နေဝင်လို့ မိုးချုပ်သွားခဲ့ပါတယ်။
ဒါနဲ့ပဲနှစ်ယောက်သား အနီးဆုံး၌ရှိသော သစ်ပင်ကြီးအောက်မှာ တစ်ညလောက်တော့ အိပ်စက်အနားယူလိုက်ကြတယ်။
မနက်မိုးလင်းလို့လာခဲ့ပါပြီ။
မောင်မြနဲ့ မောင်အေးတို့ နှစ်ယောက်ဟာ မနက်မိုးလင်းလာသဖြင့် ထိုရွာကလေးသို့ ခရီးဆက်ခဲ့ကြပြန်သည်။
ညနေစောင်းလောက် ရောက်ရှိလာခဲ့တဲ့အချိန်မှာတော့ တောင်တန်းတွေနဲ့ ဝန်းရံထားသော
လူအများက ပြောဆိုနေကြသော လွန်လှပသည်ဆိုသည့် ရွာကလေးကို လှမ်းမြင်နေရပါပြီ။
မောင်မြနဲ့ မောင်အေးတို့သည် ထိုရွာကလေးကို ရောက်ရှိချိန်မှာတော့ လူအများက ပြောနေကြသည့်စကားများနဲ့ တခြားဆီဖြစ်နေပါသည်။
ရွာကိုအဝေးကလှမ်းမြင်လိုက်ရတုန်းက ဘာကိုမှ သဲသဲကွဲကွဲ မမြင်တွေ့ရပါသော်လည်း သူတို့နှစ်ယောက်ဟာ ရွာထဲသို့ ရောက်ရှိလို့ မြင်လိုက်ရတဲ့ မြင်ကွင်းတွေက အိမ်တွေဟာဆိုရင် ပြိုကျခံနီးပြီး လူ၏စိတ်ကို ဘယ်အရာကမှ စွဲဆောင်နိုင်စရာမရှိပေ။
စိတ်ပျက်စရာ ကောင်းလှသော မြင်ကွင်း များကိုသာ သူတို့နှစ်ဦး မြင်တွေ့လိုက်ရပါသည်။
လာရာလမ်းအတိုင်း နောက်လှဲ့ပြန်င်လည်း ညမိုးချုပ်လို့နေပြီ။
ဒါနဲ့ပဲ သူငယ်ချင်းနှစ်ယောက်ဟာ ဒီညတော့ ဒီမှာတစ်ညအိပ်ပြီး မနက်မိုးလင်းရင် ထပြန်မယ်ဆိုပြီး ဆုံဖြတ်လိုက်ကြတော့ပါတယ်။
စာဖတ်သော သူငယ်ချင်းများခင်ဗျာ အပိုင်း2ကိုစောင့်မျှော်ပါ။
author:@thurawinkyaw
photo images:unsplash.com