ဝဋ်ဆိုတာ တန်ပြန်သည့် သဘောရှိပါတယ်

thura(61)
Published in
#ecency
Words
153
Reading
1 min
Listen
Play
5y

img_0.42256861614566293.jpg
https://unsplash.com/photos/GZw734byz34
တစ်ခါတုန်းက တောရွာလေးတစ်ရွာမှာ အဖိုးအိုတစ်ယောက်နဲ့ သားဖြစ်သူ ချွေးမဖြစ်သူ မြေးဖြစ်သူ ထိုလေးဦးတို့သည် အိမ်တစ်အိမ်ထဲ၌ အတူတူနေထိုင်ကြပါတယ်။
အဖိုးကြီးဟာ အသက်ကြီးပြီဆိုတော့ ပြုစုစောင့်ရှောက်မည့် အဖွားကြီးမရှိတော့သည့်အတွက် သား၏မိသားစုကသာ ပြုစုစောင့်လျှောက်ရလေသည်။
အဖိုးကြီး၏ ဝေယျာဝိစ္စကို အမြဲလုပ်ပေးနေရသည့်အတွက် ကြာလာတော့လည်း ငြိုငြင်လာကြတာပေါ့ဗျာ။
ထို့ကြောင့် လင်မယားနှစ်ယောက်ဟာ အဖေဖြစ်သူ အဖိုးအိုကြီးကို မီးဖိုချောင် အခန်းကျဥ်းလေး၌ အိပ်ခိုင်းပြီး ထမင်းကျွေးတော့ ကောင်းကောင်း မွန်မွန်မဟုတ် ထမင်းထည့်ပေးတော့လည်း ပုကန်ပဲ့နဲ့ ထည့်၍ကျွေးလေသည်။
အဖေအိုကြီးကို အမြင်မကြည်လင်တော့လည်း အမြဲလိုလို လင်မယားနှစ်ယောက်ဟာ ဆူအောင့်ကာ ကြိမ်းမောင်းနေကြတာပေါ့ဗျာ။
ထိုသို့ ဖြစ်ပျက်မှုတွေအားလုံးကို မြေးဖြစ်သူဟာ အမြဲ မြင်တွေ့ ကြားသိနေရတော့လည်း မှတ်သားထားမိတာပေါ့ဗျာ။
တစ်နေ့သောအခါ အဖိုးအိုကြီးဟာ ထမင်းစားသောက်နေရင်း တုန်ရီနေသော လက်က ကိုင်ထားသော တိုက်ပုကန်လုံး ထမင်းခွက်ဟာ အောက်သို့ကျသွားကာ ကွဲသွားတော့တာပေါ့ဗျာ။
ထိုအချိန်မှာ သားတော်မောင်တို့လင်မယားဟာ ဒေါသဖြစ်ပြီး အော်ငေါက်တော့တာပေါ့ဗျာ။
ထို့နောက် လင်မယားနှစ်ယောက်တိုင်ပင်ပြီး အဖေဖြစ်သူ အဖိုးအိုကြီးအား နောက်တစ်ခါ ထမင်းစားရင် ကျမကွဲအောင် သစ်ခေါက်ကြီးတစ်ခုကို ထမင်းပုကန်လုံးပုံစံလုပ်ပြီး အဖေအိုကြီးကို ထမင်းထည့်၍ နေ့တိုင်းထည့်ကျွေးတော့တာပေါ့ဗျာ။
မြေးဖြစ်သူဟာ အဖိုးအိုရဲ့ ထမင်းစားသောက်နေရသည့် အနေအထားကိုကြည့်ပြီး သူရဲ့ ဦးနှောက်ထဲ၌ အတွေးတစ်ခု ဝင်လာတယ်ပေါ့ဗျာ။
နောက်တစ်နေ့ရောက်တော့ မြေးဖြစ်သူဟာ သစ်ခေါက်တွေကို အိမ်ခြံထဲ၌ ရှာဖွေပြီး ပုကန်ပုံစံဖြစ်အောင် လှီး ဖြတ် ခုတ် ထစ်နေတာပေါ့ဗျာ။
အဖိုးဖြစ်သူဟာ မြေးဖြစ်သူ ထိုသို့ လုပ်ကိုင်နေတာကို ကြည့်ပြီး ငါ့မြေး ဘာတွေများ လုပ်နေသလဲဟု မေးတာပေါ့ဗျာ။
မြေးဖြစ်သူက အဖိုးမေးသည့် မေးခွန်းကို ပြန်ဖြေလိုက်တယ်။
သားရဲ့ ဖေဖေနဲ့ မေမေတို့ နှစ်ယောက် အဖိုးလို အသက်အရွယ်ကြီးလာရင် အဖိုးလို ပုကန်ကွဲမကျအောင် သစ်သားခေါက်ကို ပုကန်လုပ်ပြီး ထမင်းထည့်ကျွေးဖို့အတွက် ပြုလုပ်နေကြောင်း ပြောလိုက်လေသည်။
ထိုသို့ မြေးဖြစ်သူက အဖိုးဖြစ်သူအား ပြောလိုက်သောအသံကို အိမ်ပေါ်မှာ ဖုန်းသုံးနေကြသည့် သားဖြစ်သူ လင်မယားနှစ်ယောက်က ကြားသွားသောအခါ
အော် ငါတို့ မှားခဲ့လေပြီ
ဝဋ်ဆိုတာ တန်ပြန်သည့် သဘောရှိပါသလား ဆိုတာကို နားလည်သဘောပေါက် သံဝေဂရကာ အဖေဖြစ်သူ အဖိုးကြီးအား အိမ်ဦးခန်းသို့ ပြန်လည် အိပ်စေပြီး ကောင်းမွန်စွာဖြစ် ရာသက်ပန် ကျွေးမွေးစောင့်လျှောက်ကာ မိသားစုလေးယောက်လုံးဟာ ပျော်ရွှင်စွာဖြင့် နေထိုင်ကြလေတော့သည်။
ကဲ မိတ်ဆွေတို့ရေ အနှစ်ချုပ်ကိုတော့ ရေးမချတော့ဘူးဗျာ။
ကိုယ့်ဖာသာကိုယ် စဥ်းစားပြီး အဖြေထုတ်လိုက်ကြတော့ဗျာ။
thura@thura

ဝဋ်ဆိုတာ တန်ပြန်သည့် သဘောရှိပါတယ် | Ecency