စိတ်ကူးပေါ်ရာ အတွေးလှိုင်း

thura(61)
Published in
#ecency
Words
119
Reading
1 min
Listen
Play
5y

img_0.6087825842880933.jpg
https://unsplash.com/photos/01htj6kYvIo

စိတ်ကူးပေါ်ရာ ဆိုတော့လည်း ကိုယ့်စိတ်ထဲမှာ ဘာတွေ ဖြစ်နေသလဲဆိုတာကို
တွေးကြည့်ပြီး ရေးရတာပေါ့ဗျာ။

ညကတိတ်ဆိတ်လွန်းနေတယ် တလောကလုံးအိပ်နေကြသလားလို့တောင် ထင်ယောင်ထင်မှာ ဖြစ်မိတယ်။

သေခြာတာတစ်ခုကတော့ ကိုယ်နေတဲ့ ရပ်ကွက်ကလေးမှာ တိတ်ဆိတ်​ငြိမ်သတ်လို့ နေတာတော့အမှန်ပါပဲ။

ဒါဆိုရင်တော့ ကိုယ်တစ်ယောက်ထဲ အိပ်လို့မရတာ သေခြာနေပါတယ်။

အိပ်လို့မရတော့လည်း ထိုင်နေကျ စာရေးစာပွဲပေါ်ကို စိတ်က စေခိုင်းတဲ့အတိုင်း သွားရတော့တာပေါ့။

တစ်နေ့ တစ်နေ့ ဖုန်းမကိုင်ပဲကို နေလို့ထိုင်လို့မရတဲ့ အဖြစ်က ကျွန်နော်ပါ။

( ရှိနေတာလေးက ရနိုင်သေးတယ်ဆိုတော့ အခွင့်အရေးပေးနေတုန်း ယူရပေဦးမည်။

ရနိုင်တဲ့ အခွင့်အရေးက သိပ့်မကျန်ရှိလေတော့ ရှေ့ဆက်ရမယ့် ခရီးလမ်းအတွက်
ပြင်ဆင်စရာရှိရာတွေကို ကြိုတင်ပြင်ဆင်ရပေဦးမည်။

လုပ်ချင်တိုင်း လုပ်ခွင့်မရှိတော့လေတော့ ပေးတဲ့သူ စိတ်သဘောအတိုင်း ကျေနပ်နှစ်သိမ့်ရပေးလိမ့်မည်။

တော်ပါတယ် တက်ပါတယ်ဆိုတဲ့ ဆရာတွေတောင် ဘာလုပ်လို့ ဘာကိုင်ရမှန်း စမ်းတဝါးဝါးဖြစ်နေကြတဲ့အချိန်မှာ ကိုယ်လို မလောက်လေး မလောက်စားကောင်အတွက် နေရာဆိုတာ လွယ်ကူတဲ့ အရာမဟုတ်လေတော့ ရတာလေးနဲ့ ပေးတာလေးကို ကျေနပ်ရပေတော့မည်။)

ကဲ တမည်မည်နဲ့လုပ်နေရတာ သိပ့်တော့အဆင်မပြေဘူး။

ဖုန်းကလည်း ကိုင်နေကျဆိုတော့ မကိုင်ပဲကို မနေနိုင်ဘူး။

မအားရင်တောင် ဖုန်းကို ကိုင်ပြီး ကလိနေရမှ စိတ်ကျေနပ်တာလေ။

ယခုလို ကာလမျိုးမှာ ကျွန်တော် မအားဘူးလို့ လိမ်မပြောရဲပါဘူး။

တစ်နိုင်ငံလုံး နီးပါး လုပ်စရာအလုပ်အကိုင် အလွန်ရှားပါးနေချိန်မှာ ကိုယ်တစ်ယောက်က အလုပ်မရှိ တစ်ရာကိုး တစ်ရာတစ်ဆယ်ထဲမှာ ကျွန်နော်တစ်ယောက်အပါအဝင်ပေါ့။

အလုပ်ကမရှိတာမဟုတ်ဘူး လုပ်လို့ကိုမရတာလေ။

အိမ်ထဲကနေ အိမ်ပြင်မထွက်ပါနဲ့ ခွေးကိုက်တက်တယ်ဆိုတာထက် ကြည့်ရင်မမြင်နိုင်တဲ့ ရောဂါပိုးက ကိုယ်နဲ့ မလှမ်းမကမ်းလေးမှာဆိုတော့ ဘယ်လိုမှ လှုပ်လို့ကိုမရတဲ့အဖြစ်ပေါ့ဗျာ။

တစ်ယောက်ထဲ နေတက်တဲ့ အလေ့အကျင့်လေးက ဘယ်နေရာမှ အသုံးမဝင်နိုင်သော်လည်း ယခုလို ရောဂါပိုးတွေ နေရာတိုင်မှာ ပြန့်နှံနေချိန်မှာတော့ တစ်ယောက်ထဲ နေရတဲ့ဘဝ အထီးကျန်တော့ မဖြစ်ခဲ့ပါဘူး။

ကဲရေးနေတဲ့ အတွေးလှိုင်းလေးကို ဒီမှာတင် နားလိုက်ပါဦးမယ်ဗျာ။

thura@thura

စိတ်ကူးပေါ်ရာ အတွေးလှိုင်း | Ecency