ပညာရှိ​​ေသာ ယုန်တစ်ကောင်၏ ညီတူညီမျှ စကား

thura(61)
Published in
#ecency
Words
101
Reading
1 min
Listen
Play
5y

img_0.34539412907974043.jpg
https://unsplash.com/photos/PwXIsh7QpsI
ရှေ့အခါက တောတောင်တွေ အလွန်ထူထပ်သော တော့အုပ်တစ်ခုရှိတယ်။
ထိုတောအုပ်ကြီးထဲမှာ ရေအိုင်ကြီးတစ်အိုင်ရှိတယ်။
တစ်နေ့မှာ မျောက်တစ်ကောင်နဲ့ ရေဖျံကြီးတစ်ကောင်တို့ဟာ တောထဲမှာ လှည့်လည်သွားလာနေရင်း ထိုရေအိုင်၏ အနီးအနားတို့ ​ရောက်ရှိလာခဲ့တယ်။
ထိုအချိန်မှာ ရေအိုင်ကြီးထဲမှာ ငါးတစ်ကောင် ခုန်ဆွ ခုန်ဆွနဲ့ ရေထဲသို့ပြန်ဝင်သွားလိုက် ရေပေါ်သို့ပြန်ရောက်လာလိုက် လုပ်နေတာကို မျောက်ဟာ မြင်တွေ့လိုက်တယ်။
ထိုအခါ ရေဖျံကြီးကို လက်ညိုးညွှန်ပြပြီး ခုန်ဆွ ခုန်ဆွလုပ်နေသောငါးကို သွားဖမ်းရန် အကြံပေးတယ်။
ထိုအချိန်မှာ ရေဖျံကြီးဟာ ေရအိုင်ကြီးထဲသို့ ခုန်ဆင်းသွားပြီး ငါးကိုဖမ်းလိုက်တယ်။
ထို့နောက် မျောက်နဲ့ ရေဖျံကြီးတို့ဟာ အိမ်သို့ ငါးကို ထမ်း၍ယူဆောင်လာခဲ့တယ်။
အိမ်ကိုရောက်တော့ မျောက်နဲ့ ရေဖျံကြီးတို့ဟာ ငါးကို ငါ့ကပိုပြီးစားသင့်ကြောင်း သူကပိုပြီးစားသင့်ကြောင်း ပြောဆိုငြင်းခုံနေကြတော့ပါတယ်။
သူတို့နှစ်ဦး ထိုသို့ငြင်းခုံနေကြသည်ကို ဇီးကွက်ကြီးဟာ မြင်တွေ့သွားတယ်။
ဇီးကွက်ကြီးဟာ မျောက်နဲ့ ရေဖျံတို့ နှစ်ဦးအား ယုန်ပညာရှိထံ ခေါ်ဆောင်သွားတယ်။
မျောက်နဲ့ ရေဖျံကြီးတို့ဟာ ယုန်ပညာရှိထံရောက်တော့ အကြောင်းစုံကို အစမှအဆုံး ပြောပြလိုက်တယ်။
ထိုအချိန်မှာ ယုန်ပညာရှိကြီးက သူတို့နှစ်ဦး၌ ပါလာသော ငါးကြီးကို သစ်တုံးပြားတစ်ခုပေါ်မှာတင်ပြီး ဓားဖြစ် ငါး၏ခေါင်းပိုင်းကနေ အ​ြမီးပိုင်းအထိ အလည်တည့်တည့်ကနေ ညီတူညီမျှဖြစ်အောင် ထက်ခြမ်းခွဲ၍ တစ်ဦးကို တစ်ခြမ်းဆီ ခွဲဝေပေးလိုက်တယ်။
ထို့နောက် ယုန်ပညာရှိကြီးက နောက်နောင်ကို ငြင်းခုံပြီး ရန်ဖြစ်စကားမများကြဖို့နဲ့ ညီတူညီမျှ ခွဲဝေမျှတက်အောင် သင်ကြားကာ ဆုံးမစကား ပြောဆိုလိုက်ပါတယ်။
ထိုနောက် မျောက်နဲ့ ရေဖျံကြီးတို့ဟာ ယုန်ပညာရှိ ပြောဆိုဆုံးမသောစကားများကို နာခံပြီး တစ်ဦးမျက်နှာကို တစ်ဦးကြည့်ကာ အိမ်သို့ ပျော်ရွှင်စွာဖြင့်ပြန်လာခဲ့ကြလေသည်................။
thura@thura

ပညာရှိ​​ေသာ ယုန်တစ်ကောင်၏ ညီတူညီမျှ စကား | Ecency