ဖြစ်ချင်စိတ်နဲ့ထပ်တူမကျပါသော်လည်း

thura(61)
Published in
#ecency
Words
106
Reading
1 min
Listen
Play
5y

img_0.7012180476261867.jpg
https://unsplash.com/photos/T-br3SYp9kw
ဟို့ရှေ့အခါက တောနက်ကြီးတစ်ခု ရှိတယ်။
ထိုတောနက်ကြီးထဲမှာ သစ်ပင်သုံးပင်တို့ဟာ တစ်နေရာထဲ၌ အတူတကွရှင်သန်နေထိုင်ကြတယ်။

ပထမက ကျွန်းပင်ပေါ့ဗျာ
ဒုတိယက ထင်းရှူးပင်ပေါ့ဗျာ
တတိယက သရက်ပင်ပေါ့ဗျာ
သူတို့သူငယ်ချင်းသုံးဦးဟာ တစ်နေ့မှာ မိမိတို့၏စိတ်ထဲ၌ ဖြစ်ပေါ်သော ဖြစ်ချင်သည့် ဆန္ဒများကို တစ်ဦးနဲ့တစ်ဦး ရင်ဖွင့်ကြတာပေါ့ဗျာ။

ပထမဆုံးဖြစ်တဲ့ ကျွန်းပင်ကြီးကစတင်ရင်ဖွင့်ပါတယ်။
ငါကတော့ ဘုရင့်နန်းတော်ကြီး ဖြစ်ချင်လိုက်တာလို့ ထင်ရှူးပင်နဲ့ သရက်ပင်တို့အား ရင်ဖွင့်ပြောကြားလိုက်တယ်။

ဒုတိယဖြစ်တဲ့ ထင်ရှူးပင်ကြီးက ပြောတယ်။
ငါကတော့ တိုက်တန်းနစ်လို သဘေ်ာအကြီးကြီးဖြစ်ချင်လိုက်တာဆိုပြီး ကျွန်းပင်နဲ့ သရက်ပင်အား ရင်ဖွင့်ပြောကြားတယ်။

တတိယဖြစ်တဲ့ သရက်ပင်က ပြောတယ်။
ငါကတော့ လူတွေနေထိုင်တဲ့ အိမ်လှလှလေးတစ်လုံးဖြစ်ချင်လိုက်တာဆိုပြီး ကျွန်းပင်နဲ့ထင်ရှူးပင်တို့အား ရင်ဖွင့်ပြောကြားတယ်။

ဒီလိုနဲ့ နှစ်တွေ လတွေ ဟာ တစ်နှစ်ပြီး တစ်နှစ် ကုန်လွန်လာခဲ့ပြီးနောက် ကျွန်းပင် ထင်းရှူးပင် သရက်ပင်တို့ဟာ အရွယ်အစားကြီးမားလာကြပါတယ်။
ဆိုလိုရလျင် တန်ဖိုးရှိလာပြီး လူတွေအသုံးပြုရန် အကောင်းဆုံးသောအရွယ်အစားပေါ့ဗျာ။

ကျွန်းပင်ကြီးဟာ ဘုရင့်နန်းတော်ကြီး ဖြစ်ချင်သော အိမ်မက်စိတ်ကူး ရှိခဲ့ပါသောလည်း တကယ်လက်တွေ့ဘဝမှာတော့ ဘုန်တော်ကြီးကျောင်းက လူတွေနင်းတဲ့ ကြမ်းခင်းဘဝသို့ ရောက်ရှိလာခဲ့ပါတယ်။

ထင်းရှူးပင်ကြီးဟာ တိုက်တန်းနစ်လို သဘေ်ာအကြီးကြီး ဖြစ်ချင်သော အိမ်မက်စိတ်ကူး ရှိခဲ့ပါသော်လည်း တကယ်လက်တွေ့ဘဝ၌ လူတွေအသုံးပြုတဲ့ စာရေးစာပွဲခုံဘဝသို့ ရောက်ရှိလာခဲ့ပါတယ်။

သရက်ပက်ကြီးဟာ လူတွေနေထိုင်တဲ့ အိမ်လှလှလေးတစ်လုံးဖြစ်ချင်သော အိမ်မက်စိတ်ကူး ရှိခဲ့ပါသော်လည်း တကယ်လက်တွေ့ဘဝ၌ လူတွေထိုင်တဲ့ ထိုင်ခုံဘဝသို့ ရောက်ရှိလာခဲ့ပါတယ်။
သူတို့သုံးဦးသည် ဆန္ဒနဲ့ဘဝဟာ ထပ်တူမကျခဲ့ပါသော်လည်း သို့မဟုတ် ဖြစ်ချင်စိတ်နဲ့ထပ်တူမကျပါသော်လည်း လူတွေအတွက် များစွာအကျိုးပြု ရှိခဲ့တဲ့အတွက် သူတို့သုံးဦးလုံးရဲ့ရင်ထဲမှာ ဝမ်းသာပီတိဖြစ်၍ ဂုဏ်ယူနေမိပါကြောင်း ပြောကြားရင်း ကျွန်နော်ရေးသားတင်ဆက်နေပါသော အကြောင်းအရာလေးဟာ အဆုံးသတ်လိုပ်ပါရစေဗျာ။
thura@thura

ဖြစ်ချင်စိတ်နဲ့ထပ်တူမကျပါသော်လည်း | Ecency