လွမ်းရင်းနဲ့ စတေးခဲ့တယ်

thura(61)
Published in
#ecency
Words
56
Reading
1 min
Listen
Play
5y

img_0.932513570597061.jpg
https://unsplash.com/photos/NxTs_QPtA6M

ညလည်းလွမ်း နေ့လည်းလွမ်း

အချိန်တိုင်လွမ်း နေ့တိုင်းလွမ်း

လွမ်းတိုင်း လွမ်းနေတော့တာပါပဲ

ဘယ်ထိလွမ်းသလဲဆိုရင်

ညအိပ်ရင် အိပ်မက်မှာ

ဂယောင်ဂရမ်း လွမ်းတဲ့အထိပါပဲ

ဝေးခဲ့ကြတယ် ဆွေးခဲ့ရတယ်

ရှာဖွေရင်းနဲ့ ​ေမျှာ်​​လင့်ခဲ့တယ်

ဆုံနိုင်ခွင့်က ဘယ်တော့လဲကွယ်

ပြောချင်တာတွေ ပြောကြစမ်းပါစေ

မျက်မမြင်အကန်း လွမ်းချင်သလိုလွမ်း

အနစ်နာခံလိုသော စိတ်ကလေးနဲ့

ပေးဆပ်မိသူ စွန့်လွှတ်ရမှာကို သိပေမယ့်

ပြန်လာပါတော့ သက်ထားလေးရယ်

နာကျင်နေသော အသည်းမှာ ဝေဒနါများစွာနဲ့

မျှော်လင့်ရင်း စောင့်ဆိုင်းသူဟာ

လွမ်းညတွေဟာ အကန့်အသတ်မရှိ

ကြာရှည်လှပါတယ်

ငါဟာရွက်လွင့် ငါဟာရွက်လွင့်

အထီးကျန်စွာနဲ့ ဒီခရီးလမ်းမှာ

ငါတစ်ယောက်ထဲ ခရီးဆက်ရတော့မှာပေါ့

ရပါတယ် တော်ပါတော့ ထားလိုက်ပါတော့

ဖြစ်သမျှအကြောင်းတွေက အဆုံးသတ်ခဲ့ပါပြီ

ရင်ကွဲတယ် ကြေကွဲမယ် တိုးတိုးတိတ်တိတ်လေးပါပဲကွယ်

အဆုံးသတ်က ပေးဆပ်တယ် နားလည်တယ်

စတေးခဲ့ရတာ အသဲနှလုံးတစ်ခုလုံးပါပဲကွယ်

thura@thura

လွမ်းရင်းနဲ့ စတေးခဲ့တယ် | Ecency