ဘယ်အရာမှအလကားမရနိုင်ပါ

thura(61)
Published in
#esteem
Words
84
Reading
1 min
Listen
Play
8y

image
တရုတ်လူမျိုးတို့သည် စီးပွားရေးသမားပီသစွာဖြင့် အရာရာကို ငွေကြေးဖြင့် ပိုင်းဖြတ်တက်ကြသလို လိုချင်တာတစ်ခုခုကို အခြားသောသူဆီက ရယူတော့မည်ဆိုလျှင် မိမိတို့ဆီက အသေးဆုံးတန်ဖိုးရှိသောအရာကို ပေးဆပ်ဖို့ရန်ဝန်မလေးတက်ကြသလို ယူပြီးသွားခဲ့ရင်လည်း ရက်ရောတက်သောအလေ့အကျင့်သည်လည်း သူတို့၏ရေရှည်စီမံကိန်းအတွက် သိပ့်ကိုကောင်းမွန်လှသော လူသားဆန်သော အလေ့အထပါဟုဆိုလျှင် မမှားနိုင်လောက်ပါလေ။တစ်ခုခုကိုလိုချင်မှတော့ ထိုအရာနှင့်ထိုက်တန်သော တစ်စုံတစ်ခုခုကိုတော့ ပြန်ပေးဆပ်ရမှာပေါ့။ဘယ်အရာမှအလကားမရဘူးဆိုသည့်စကားသည် တရုတ်လူမျိုးတွေဆီက ထွက်ကျလာသောစကားလုံးများလားတော့မသိ ရွှေမြန်မာများ၏ ပါးစပ်ဖျား၌ ရေပန်းစားလို့ အကျင့်တစ်ခုလို စွဲမြဲစွာ ထင်ကျန်လို့ အမြဲသုံးစွဲနေကြသည်မှာ နေ့စဉ်နေ့တိုင်လိုပင်ဖြစ်သည်။ငွေဆိုသည့်အရာသည် အစွမ်းထက်သလောက် လူတွေ၏စိတ်ကို အမျိုးမျိုးပြောင်းလဲယူနိုင်သော ဂုဏ်သတ္တိနဲ့ပြည့်စုံပေသည်။တရုတ်တို့၏ပိုင်နက်ဖြစ်သော နယ်စပ်မြို့ကို ငွေဆိုသည်အရာတစ်ခုကို အခြေခံ၍ ဖွင့်ဖြိုးတိုးတက်လာအောင် ပြောင်းလဲယူခဲ့ကြသည်။သူတို့၏နိုင်ငံအတွင်း၌ အောက်ခြေအလုပ်ကြမ်းသမား လုပ်ကိုင်ကြသူအလွန်နည်းပါးသော်လည်း ငွေဆိုသည့်အရာတစ်ခုနှင့် ဖွင့်ဖြိုးမှုအတွက် ဖန်တီးယူခဲ့ကြ၏။ငွေဆိုသည့်အရာရှိလျှင် အရာရာကို မိမိစိတ်တိုင်းကျ ဖန်ဆင်းနိုင်သည်ဆိုသော စကားသည်က တရုတ်နယ်စပ်မြို့အတွက် ရည်ညွှန်းနေသလား။အလုပ်ကြမ်းလုပ်ကိုင်သောသူ ရှားပါးသည့် တရုတ်နိုင်ငံသည် နယ်စပ်ဖွင့်ဖြိုးရေးအတွက် မိမိနိုင်ငံ၌ အလုပ်ကြမ်းသမားရှားပါးပါသော်လည်း မိုးမျှော်တိုက်များကို လက်ညိုးထိုးမလွဲနိုင်လောက်သည်အထိ အချိန်တိုတိုလေးအတွင်း၌ တည်ဆောက်နိုင်ခဲ့ခြင်းသည် ရွှေမြန်မာများကို ငွေစက္ကူထုပ်ပြနိုင်ခဲ့ခြင်းက အဓိကကျနေသလား? သေချာတာတစ်ခုကတော့ တရုတ်ပြည်နယ်စပ် ရွှေလီ ကျယ်ကောင်သည် ဖွင့်ဖြိုးတိုးတက်ကာ မိုးမျှော်တိုက်များအဖြစ် နေရာလပ်မရှိနိုင်လောက်သည်အထိ တွေ့မြင်နေရသည်မှာ သဘော မနော ကောင်းလှပါသော ကျွန်တော်တို့ ရွှေမြန်မာများဖြစ်သည့် အောက်ခြေအလုပ်ကြမ်းသမားများကြောင့်ဖြစ်သည်ဆိုတာကိုတော့ နယ်စပ်ဖွင့်ဖြိုးမှုသမိုင်းတွင် ထင်ကျန်နေမှာကတော့ မလွဲဧကန်ပါပဲလေ။
author:thura@thura
photo:credit google images

ဘယ်အရာမှအလကားမရနိုင်ပါ | Ecency