ဘာလုပ်လုပ်ကို အဆင်မပြေ

thura(61)
Published in
#ecency
Words
117
Reading
1 min
Listen
Play
5y

img_0.018074534316226746.jpg
https://www.istockphoto.com/photo/hand-of-businessman-stopping-falling-domino-pieces-gm647430774-117915155
ယခုတလော စာရေးပြီး ပို့စ်တင်ဖို့ပင် စိတ်မပါဘူးဖြစ်နေတယ်။
ရေးစရာမရှိလို့တော့မဟုတ်ဘူး။
ရေးစရာတွေ များလွန်းနေတော့ ဘာရေးလို့ ရေးချရမှန်မသိ ဖြစ်နေတယ်။
စာမရေးဖြစ်ပေမယ့်လည်း ဖုန်းကတော့ အကြောင်းမရှိ ဟိုပွတ်လိုက် ဒီပွတ်လိုက်နဲ့ ဦးတည်ရာမဲ့စွာနဲ့ တစ်ရက်ပြီး တစ်ရက် ကုန်လွန်လာခဲ့တာပေါ့ဗျာ။
ရေးချင်ရာရေးမယ်ဆိုရင်လည်း လောကတစ်ခုလုံး ပျက်ဆီးနေသော အကြောင်းအရာများသာ ဖြစ်ပေတော့မယ်။
ငိုနေရသော လူသားများစွာကို အားနာမိတယ်လေ။
လုပ်ငန်းကိုင်ငန်းလေးဘက်ကို ဦးတည်ပြီးသွားကြည့်တော့လည်း အပြင်လောကကို မပြောနဲ့ အွန်လိုင်းပေါ်တက်ပြီး တစ်ကျပ်ရရ တစ်မှုးရရ ရှာဖွေနေကြတဲ့သူတွေတောင် လုပ်ကိုင်ရတာ မလွယ်ကူကြပါဘူး။
fbပေါ်တက်ပြီး အချိန်ဖြုန်းနေလိုက်မယ်ဆိုပြန်တော့လည်း ကိုယ့်ရဲ့fbမှာ အော်တိုvdoကြည့်တဲ့ ခလုပ်လေးကိုမပိတ်ထားမိလေတော့ vdoဖိုင်လေးတွေကို အလျင်အမြန်ကျော်ပြီး ကြည့်နေရတာကလည်း အမောပါပဲ။
fbမှာပါတဲ့ stကို ဝင်ပြီး အော်တိုခလုပ်ကို ပြောင်းနှိပ်ဖို့ကလည်း အတော်လေးကို ဝန်လေးနေတယ်လေ။
ပျင်းရိချက်က အဲ့ဒီလောက်ထိကိုပင် ခေါင်းစားရမယ့်အလုပ်ဆိုရင် ဘာမှကို မလုပ်ချင် မကိုင်ချင်တော့ပေ။
ဖရီးဆိုတာနောက်ကိုလိုက်ကြည့်ပြန်တော့ you tubeမှာ ကိုယ်လိုသူလို လုပ်စားကိုင်စား လုပ်ကိုင်နေကြတဲ့သူတွေကလည်း ဖရီးလိုင်းလိုက်နေကြတဲ့ သူတွေအတွက် ဂျင်းထည့်တဲ့vdoဖိုင်များသာ တစ်ပုဒ်ပြီးတစ်ပုဒ် တင်နေကြပေတော့သည်။
ဂျင်းထည့်တဲ့သူတွေကိုတော့ အပြစ်တော့မတင်မိပါလေ။
သူတို့မှာလည်း ဒီလိုခက်ခဲတဲ့ အခြေအနေမျိုးမှာ ဒီလိုမှမလုပ်ရင်လည်း လုပ်စားဖို့ခတ်နေကြတယ်လေ။
အမှန်အကန်နဲ့ နာမည်ပျက်မခံနိုင်ကြတဲ့သူတွေကြပြန်တော့ ဖရီးဆိုတာကို လုပ်တော့လုပ်ကြည့်ကြပါ ဒါပေမယ့် သေချာပေါက် အဆင်ပြေဖို့အတွက် မလွယ်ကူနိုင်ကြောင်းကိုတော့ ပွင့်လင်းမြင်သာစွာနဲ့ ရင်ဖွင့်လာကြတယ်လေ။
အင်တာနက်ဆိုတဲ့ အခကြေးငွေကလည်း 1GBကို မြန်မာငွေ တစ်ထောင်နဲ့တောင် ဝယ်ယူလိုမရနိုင်တော့တဲ့ ခေတ်ကိုပြန်ရောက်သွားလေတော့ အွန်လိုင်းမှာ ငွေရှာသူတွေအတွက် ကိုယ်ပေးလိုက်ရတဲ့ အင်တာနက် အခကြေးငွေနဲ့ ကိုယ်ရလိုက်တဲ့ တန်ကြေးက မမျှတ အရေးထဲ ဒေါင်းဘုတ်ကျွေးတဲ့သူတွေက မညှာမတာ တစ်ယောက်ပြီးတစ်ယောက် ဘာလုပ်လုပ်ကိုမှ အဆင်မပြေ ဖြစ်နေပြီဆိုတော့ ကိုယ်လည်း ရေးချင်တာရေးပြီး အနားယူရမယ့်သဘော ဖြစ်နေတယ်လေ။
စိတ်မပါသော်လည်း ဝတ်တရားအရ​ေတာ့ ရေးတင်လိုက်တော့မယ်။
thura@thura

ဘာလုပ်လုပ်ကို အဆင်မပြေ | Ecency