အားတင်းထားပါ

thura(61)
Published in
#ocd
Words
30
Reading
1 min
Listen
Play
5y

img_0.06660986630672854.jpg
https://unsplash.com/photos/N4QTBfNQ8Nk

လူဘဝဆိုတာကလည်း

နိမ့်လိုက်မြင့်လိုက်နဲ့ပါပဲ

ဘယ်အရာကိုမှ တသက်မတ်ထဲ

မှတ်ယူထားလို့ မလွယ်ဘူးလေ

ကံဆိုတာကလည်း

နိမ့်တခါ မြင့်တလှည့်ပါပဲ

လေမုန်တိုင်းတွေက

အမြဲတိုက်ခက်မနေပါဘူး

လေပြေလေညှင်းလေးကလည်း

တဖန်ပြန်လှည့်လာပါဦးမယ်

အရေးကြီးတာက ကိုယ့်ရဲ့စိတ်တွေက

မြဲမြန်စွာ ခိုင်မာနေဖို့က အရေးကြီးပါတယ်

ဒါကြောင့် ကြုံနေရတဲ့ဘေး ထိုအရေးအတွက်

အားတင်ထားပါ တောင့်ခံထားပါ

ခံနိုင်ရည်ရှိဖို့ အရေးကြီးသလို

စိတ်ဓာတ်တွေ ယိမ်းယိုင်မသွားဖို့လည်း

လိုအပ်ပါတယ်

ဒါပါပဲ.........

thura@thura

အားတင်းထားပါ | Ecency